You are here
Home > Business News > နိုင်ငံ့ဝန်ထမ်းလစာကို နိုင်ငံတော်၏ ရသုံးငွေစာရင်းနှင့်အညီ ဆောင်ရွက်မည်

နိုင်ငံ့ဝန်ထမ်းလစာကို နိုင်ငံတော်၏ ရသုံးငွေစာရင်းနှင့်အညီ ဆောင်ရွက်မည်

နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးအတွက် လေးလေးနက်နက် စဉ်းစားသုံးသပ်လျက်ရှိပြီး ရေရှည်တည်တံ့အောင်ဖြည်းဖြည်းချင်းတိုးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်း အခြေအနေနှင့်အညီဆောင်ရွက်သွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းများ ပြုပြင်ပြောင်းလဲမှုဆိုင်ရာမဟာ ဗျူဟာစီမံချက် ထုတ်ပြန်သော အခမ်းအနားတွင် ပြောကြားခဲ့သည်။
နိုင်ငံ့ဝန်ထမ်းများ လစာ တိုးမြှင့်ရေးကိစ္စသည် ၀န်ထမ်းများမျှော်လင့်ထားသလို ချက်ချင်းဖြစ်မလာနိုင် သေးသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ၀န်ထမ်းများအတွက် အခြားနည်းလမ်းများဖြင့် ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ “အစိုးရအနေနဲ့ ၀န်ထမ်းတွေအတွက် အခြားနည်းလမ်းနဲ့ ပံ့ပိုးပေးရမှာ ပိုမိုကောင်းမွန်တဲ့ အလုပ်ခွင်တွေ ဖန်တီးပေးပြီး မိသားစုဝင်တွေအတွက် နေထိုင်မှုအခြေအနေတွေ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးသွားမှာပါ။ လက်ရှိဆောင်ရွက်ပေးမှုအနေနဲ့ အဆင့်မြင့်ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်နေပြီဖြစ်သလို အငြိမ်းသား ၀န်ထမ်းတွေအတွက် အိမ်ရာတွေလည်း ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့ဝန်ထမ်းတွေရဲ့ လုပ်ခလစာဟာ အခြားနယ်ပယ်က ၀န်ထမ်းတွေနဲ့ ယှဉ်ရင် နိမ့်ကျနေသေးတဲ့အတွက် သင့်တော်မျှတတဲ့ လုပ်ခရရှိဖို့နဲ့ အထွေထွေခံစားခွင့်တွေ ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားပေးသွားမယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Leave a Reply

Top