You are here
Home > Business News > အော်ဂန်းနစ်ငါးများကို ပြည်ပသို့တင်ပို့ရန် ဈေးကွက်လိုအပ်နေဟုဆို

အော်ဂန်းနစ်ငါးများကို ပြည်ပသို့တင်ပို့ရန် ဈေးကွက်လိုအပ်နေဟုဆို

မြက်စားငါးကြင်းများကို ဦးစားပေးမွေးမြူသော သဘာဝ ငါးမွေးမြူရေးစနစ်ကို ဆောင်ရွက်မှုနည်းပါေးနပြီး အော်ဂန်းနှစ်ငါးများကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် ဈေးကွက်လိုအပ်နေသည်ဟု မြန်မာရေထွက်ကုန်နှင့် သားငါးလုပ်ငန်းပြပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောသည်။
အစာစရိတ်သက်သာသော မြက်စားငါးကြင်းသဘာဝငါးမွေးမြူရေးစနစ်ကို ပြည်တွင်းလုပ်ငန်းရှင်များ လုပ်ကိုင်မှုမရှိသေးကြောင်း၊ သဘာဝငါးမွေးမြူရေးစနစ်နှင့် အော်ဂန်းနှစ်ငါးများကို မွေးမြူသူလုပ်ငန်းရှင်တစ်ဦး သာ ရှနေသေးကြောင်း ၎င်းက ပြောသည်။ “သဘာဝငါးမွေးမြူရေးစနစ်က ကန်ပေါင်မြှင့်ပြီး မိုးရေခံမွေးမြူတာဖြစ်တဲ့အတွက် ငါးရောဂါဖြစ်ပွားမှုနှုန်းကျဆင်းတယ်။ ငါးပိဿတန်ချိန်တိုး ထုတ်လုပ်နိုင်တယ်။ အစားအစာအဖြစ် မြက်ကိုပဲ ကျွေးရတာဖြစ်လို့ လက်ရှိငါးမွေးမြူရေးစနစ်တွေထက် ကုန်ကျစရိတ်သက်သာတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top