You are here
Home > Business News > ကျောက်စိမ်းတူးဖော်ရေး အခွန်စနစ်ပြောင်းလဲသင့်ဟုဆို

ကျောက်စိမ်းတူးဖော်ရေး အခွန်စနစ်ပြောင်းလဲသင့်ဟုဆို

မြန်မာ့ကျောက်စိမ်းတူးဖော်သည့်ကဏ္ဍတွင် ကုမ္ပဏီများထံမှ အခွန်ကောက်ခံနေသည့်စနစ်သစ်ကို ပြန်လည် ပြင်ဆင်သင့်ကြောင်း တွင်းထွက်သယံဇာတကို သုတေသနပြုနေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Natural Resource Government Institute မှ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံက ပြောသည်။
ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် အခွန်ကောက်ခံရာ၌ ကုမ္ပဏီနှင့် အခွန်ကောက်ခံသူတို့ အကြား မသမာသည့် နည်းလမ်းများရှိနေပြီး ရသင့်ရထိုက်သော အခွန်များရှိနေသဖြင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်များ ဆုံးရှုံးမှုများရှိနေကြောင်း၊ ကျောက်စိမ်းတူးဖော်သည်မှ ထုတ်လုပ်ရောင်းချသည် အထိ အခွန်ကောက်ခံမှုအပိုင်းတွင် တန်ဖိုးသတ်မှတ်ပေးသည့် အခွန်ဝန်ထမ်းများ၊ ကုမ္ပဏီများကို စိစစ်ကြပ်မတ်ရန် လိုအပ်ကြောင်း၊ ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းများတွင် နိုင်ငံတကာ၌ ကျင့်သုံးနေသော စောင့်ကြည့်မည့်တာဝန်ရှိသူများကို ထားရှိသင့်ကြောင်း ၎င်းက ပြောသည်။

Leave a Reply

Top