You are here
Home > Business News > ရန်ကုန်ရေကြီးမှုပြဿနာကို ဖြေရှင်းရေး ချောင်းနှင့်မြောင်းများ ပြန်လည်တူးဖော်ရန် အကြံပြုမည်ဟုဆို

ရန်ကုန်ရေကြီးမှုပြဿနာကို ဖြေရှင်းရေး ချောင်းနှင့်မြောင်းများ ပြန်လည်တူးဖော်ရန် အကြံပြုမည်ဟုဆို

ရန်ကုန်မြို့၏ ရေကြီးမှုပြဿနာဖြေရှင်းနိုင်ရန်အတွက် ချောင်းနှင့် မြောင်းများကို ပြန်လည်တူးဖော်ရန် ရန်ကုန်မြို့တော်ဝန်ကို အကြုံပြုမည်ဟု ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက ဇူလိုင် ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ကို ဖြတ်သန်းစီးဆင်းပြီး တိမ်ကော်နေသည့် ချွန်ဂဲချွန်ချောင်းကို ပြန်လည်ပြုပြင်၍ ကမ္ဘာကျော်အပန်းဖြေစခန်းဖြစ်ခဲ့ကြောင်း၊ ရန်ကုန်မြို့နေရာအနှံ့၌ တိမ်ကောနေသော ချောင်းနှင့်မြောင်းများကို ပြန်လည်တူးဖော်သင့်ကြောင်း ၎င်းက ပြောသည်။ “ရန်ကုန်မြို့နေရာအနှံ့မှာ ရေကြီးမှု ပြဿနာရှိနေတဲ့အတွက် ချောင်းတွေ မြောင်းတွေကို ပြန်လည်ဖော်ထုတ်သင့်ပါတယ်။ အရင်ကရှိခဲ့တဲ့ ချောင်း တွေ၊ မြောင်းတွေကောသွားတဲ့နေရာတွေကို ဖော်ထုတ်ပြီးတော့ ပြန်လည်ပြင်ဆင်မည်ဆိုရင် ရေကြီးရေလျှံခြင်း ကင်းလွတ်မှာပါ။ လူုအတွက်လည်း ပန်းခြံသဘောအပန်းဖြေရောလေးတွေဖြစ်လာမှာဆိုတော့ ချောင်းတွေ မြောင်းတွေကို ဖော်ထုတ်ဖို့ပြောချင်ပါတယ်။ ရန်ကုန်မြို့တော်ဝန်ကိုလည်း အကြံပြုသွားမှာပါ”ဟု ၎င်းက ပြောသည်။

Leave a Reply

Top