You are here
Home > Business News > ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးကာကွယ်ရေး အရှိန်မြှင့်ဆောင်ရွက်နေဟုဆို

ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးကာကွယ်ရေး အရှိန်မြှင့်ဆောင်ရွက်နေဟုဆို

ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းမြင့်တက်နေခြင်းကြောင့် ကာကွယ်နှိမ်နှင်းရေ လုပ်ငန်းများကို မြို့နယ်အလိုက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်အေးမွန်မွန်ကျော်က ပြောသည်။
ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းသည် ဇန်န၀ါရီလမှ ဇူလိုင်လ ပထမပတ်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၀၀၀ ကျော်နှင့် သေဆုံးသူ ၁၈ ဦးအထိ ရှိနေခြင်းကြောင့် ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းဖြစ်သော ပိုးလောက်လန်းနှင့် ခြင်ကြားနှိမ်နှင်းရေးလုပ်ငန်းများကို အဓိက ထားဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။ “သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းကို လအလိုက်ကြည့်မယ်ဆိုရင်တော့ ဖြစ်ပွားမှုနှုန်းရော၊ သေဆုံးမှုနှုန်းရော များနေတယ်လို့ ပြောလို့မရဘူး။ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ အဖြစ်များတဲ့ ကာလတွေဖြစ်တဲ့အတွက် ပိုးလောက်လန်းနှိမ်နှင်းရေးကိုပဲ အဓိကလုပ်ရမှာပါ။ ခြင်ကျား၊ ပိုးလောက်လန်းနှိမ် နှင်းရေးကို တကယ် အားစိုက်လုပ်မယ်ဆိုရင်တော့ ဖြစ်ပွားမှုနှုန်း ကျဆင်းလာမှာပါ” ဟု ၎င်းက ပြောသည်။

Leave a Reply

Top