You are here
Home > Uncategorized > မြန်မာ့ရွှေကဏ္ဍတွင် ဒူဘိုင်းမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ

မြန်မာ့ရွှေကဏ္ဍတွင် ဒူဘိုင်းမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ

မြန်မာ့ရွှေကဏ္ဍတွင် ဒူဘိုင်းမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေပြီး မြန်မာ့ရွှေလုပ်ငန်းရှင်များနှင့် သီးသန့်ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်း၊ အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။
မြန်မာ့ရွှေလုပ်ငန်းကဏ္ဍတွင် ဒူဘိုင်းမှ ရင်းနှီးမြှုပ်နှံမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဟောင်ကောင်၌ ဇွန်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထပ်မံဆွေးနွေးမည်ဖြစ်ပြီးရရှိလာသည့် ဆွေးနွေးပွဲရလဒ်များကို နိုင်ငံတော်အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း၊ မြန်မာ့ရွှေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ဒူဘိုင်းနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၃၀ ခန့်မှ စိတ်ဝင်စားနေကြောင်း ၎င်းက ပြောသည်။ “ဒူဘိုင်းက မြန်မာနိုင်ငံမှာ ရွှေနဲ့ ပတ်သက်တဲ့ ဘဏ်တစ်ခု ထူထောင်မယ်။ ဘဏ်မှာ ဒေါ်လာသန်း ၂၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောတယ်။ ပြီးရင် ရွှေဈေးကွက်ကိုထောက်ပံ့မယ်။ အန်ကယ်တို့အနေနဲ့ကတော့ ဒူဘိုင်းထက်စာရင် ပိုပြီး အင်အားကြီးတဲ့ နိုင်ငံတွေက လာရောက်ရင်းနှီးမြှုပ်နှံတာကို မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top