You are here
Home > Business News > မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ ညီလာခံကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ ညီလာခံကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ ဆရာ၊ ဆရာမများ၏ ဒုတိယအကြိမ်မြောက်ညီလာခံကို ပုဂံယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံဘုရား၊ ဝေဇေယန္တာဓမ္မာရုံ၌ ဇူလိုင် ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်မှ သိရသည်။
အဆိုပါညီလာခံတွင် ဆရာ၊ ဆရာမများကို ကာကွယ်ပေးသော ဥပဒေမှုကြမ်း၊ ကာကွယ်ပေးသည့် ဥပဒေဖော်ထုတ်မည့်မူကြမ်း တိုင်ပင်ဆွေးနွေးခြင်း၊ အလုပ်အမှုဆောင်သစ်ရွေးချယ်ခြင်းနှင့် ၂ နှစ်တစ်ကြိမ် အလုပ်အမှုဆောင်ရွေးချယ်ခြင်းများကို ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများ အဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် ဦးကျော်မင်းခန့်က ပြောသည်။ “ဆရာ၊ ဆရာမတွေရဲ့ နစ်နာမှုတွေ၊ အကျိုးခံစား မှုတွေ၊ ကာကွယ်စောင့်ရှောက်မှုတွေအတွက် ပေးတဲ့ ဥပဒေဆိုတာ မရှိသေးပါဘူး။ ဆရာဆရာမတွေကို ကာကွယ်မှုပေးတဲ့ ဥပဒေမှုကြမ်းထွက်လာအောင် ဆွေးနွေးမှုတွေ၊ တိုင်ပင်မှုတွေ၊ တင်ပြမှုတွေကို လုပ်ဆောင် သွားမှာပါ” ဟု ၎င်းက ပြောသည်။

Leave a Reply

Top