You are here
Home > Business News > အာရှ၏ နေထိုင်မှုစရိတ် အမြင့်မားဆုံးမြို့များတွင် ရန်ကုန်မြို့ပါဝင်

အာရှ၏ နေထိုင်မှုစရိတ် အမြင့်မားဆုံးမြို့များတွင် ရန်ကုန်မြို့ပါဝင်

အာရှတိုက်၏ နေထိုင်မှုစရိတ်အကြီးမြင့်ဆုံးမြို့များထဲတွင် ရန်ကုန်မြို့ပါဝင်နေဆဲဖြစ်ပြီး ဂျာမနီနိုင်ငံရှိ မြူးနစ်မြို့၊ ကာတာနိုင်ငံရှိ တိုဟာမြို့နှင့် အီတလီနိုင်ငံရှိ ရောမမြို့များထက် ပိုမို၍ နေထိုင်စရိတ်ကြီးမြင့်သော မြို့တစ်မြို့ဖြစ်နေသည်ဟု MERCER အဖွဲ့အစည်းမှ ထုတ်ပြန်သော စစ်တမ်းအရ သိရသည်။
MERCER အဖွဲ့အစည်းအနေဖြင့် နှစ်စဉ်ထုတ်ပြန်လေ့ရှိသော နိုင်ငံခြားသားများအတါက် နိုင်ငံအသီးသီးမှ နေထိုင်မှု စရိတ်မြင့်သောမြို့များကို ဖော်ပြရာတွင် ရန်ကုန်မြို့သည် ယခုနှစ်အတွက် ၆၇ ခုမြောက် နေထိုင်မှုစရိတ်အကြီးမြင့်ဆုံးမြို့အဖြစ် သတ်မှတ်ခံထားရကြောင်း၊ နေထိုင်စရိတ်၊ သွားလာစရိတ် အကြီးမြင့်ဆုံးမြို့အဖြစ် သတ်မှတ်ခံထားရကြောင်း၊ နေထိုင်စရိတ်၊ သွားလာစရိတ်နှင့် ဖော်ဖြေရေးစရိတ်များကို အခြေခံဿ တွက်ချက်သော MERCER ၏ စစ်တမ်းတွင် ပြီးခဲ့သည့်နှစ်၌ ရန်ကုန်မြို့သည် ၃၉ ခုမြောက် ကမ္ဘာ့ နေထိုင်မှုစရိတ် အကြီးမြင့်ဆုံးမြို့ဖြစ်ခဲ့ပြီး ယခုနှစ်တွင် ၆၇ ခု မြောက်မြို့တော်အဖြစ် သတ်မှတ်ခြင်းခံရကြောင်း သိရသည်။ “ရန်ကုန်မြို့က အရင်နှစ်တုန်းက ၃၉ ခုမြောက် နေထိုင်စရိတ် အကြီးမြင့်ဆုံးမြို့ဖြစ်ပေမယ့် ယခုနှစ် မှာတော့ ၆၇ ခု မြောက်မြို့တော်အဖြစ်လျော့ကျလာတယ်။ ရန်ကုန်မြို့ကို နိုင်ငံခြားသားခရီးသည်တွေ ပိုမိုဝင် ရောက်လာတာနဲ့ အမျှ နိုင်ငံအတွင်း သွားလာတည်းခိုစရိတ်တွေ သိသိသာသာလျော့ကျလာတယ်။ ဟိုတယ် တွေစားသောက်ဆိုင်တွေလည်း အရင်ကထက် သိသိသာသာများလာခဲ့တယ်” ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင် တစ်ဦးကပြောသည်။

Leave a Reply

Top