You are here
Home > Business News > ကမ်းဝေးငါးဖမ်းရေယာဉ်များတွင် VMS စနစ်တပ်ဆင်မည်

ကမ်းဝေးငါးဖမ်းရေယာဉ်များတွင် VMS စနစ်တပ်ဆင်မည်

မြန်မာ့ကမ်းဝေးငါးဖမ်းရေယာဉ်များတွင် (Vessen Monitoring System) VMS စနစ်တပ်ဆင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးလှကျော်က ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်မှ စတင်၍ ကမ်းဝေးငါးဖမ်းရေယာဉ်များအနေဖြင့် ကမ်းနီးရေပြင်သို့ ၀င်ရောက်ဖမ်းဆီးခြင်းနှင့် တရားမ၀င်ငါးဖမ်းဆီးမှုများကို တားဆီးကာကွယ်ရန် လိုအပ်သည့် အတွက် ငါးဖမ်းရေယာဉ်များကို စောင့်ကြည့်ထိန်းချုပ်ရေးစနစ် (CMS) ကို တပ်ဆင်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်းငါးဖမ်းရေယာဉ် ၄၇ စီးတွင် စမ်းသပ်တပ်ဆင်းခြင်းနှင့် ပြည်ပငါးဖမ်းရေယာဉ်များအား VMS စနစ် တပ်ဆင်ပြီးမှသာ ဆောင်ရွက်စေခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟု ဒုတိယ၀န်ကြီးက ပြောသည်။ “ကမ်းဝေးငါး ဖမ်းရေယာဉ်တွေမှာ CMS စနစ် တပ်ဆင်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ဖို့ စီမံလျက်ရှိပါ တယ်။ စီမံကိန်းအကောင်အထည်ဖော်တာနဲ့ လိုအပ်တဲ့လုပ်ငန်းစဉ်တွေအတွက် ဆောင်ရွက်မှုတွေကို တုံ့ပြန် ဆောင်ရွက်သွားမှာပါ” ဟု ဒုတိယ၀န်ကြီးက ပြောသည်။
VMS စနစ်သည် ငါးဖမ်းရေယာဉ်များ မုန်တိုင်းအန္တရာယ်မှ ကာကွယ်ရန်၊ တရားမ၀င်ငါးဖမ်းရေယာဉ်များနှင့် လိုင်စင်မဲ့ ငါးဖမ်းရေယာဉ်များကို ထောက်လှမ်းအရေးယူနိုင်ရန်၊ ပင်လယ်ပြင် ကို စောင့်ကြပ်စစ်ဆေးခြင်းဖြင့် ငါးသယံဇာတတိုးပွားလာစေရန်၊ ကမ်းဝေးငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေး ပေါင်းစပ်ဆောင်ရွက်သော ငါးလုပ်ငန်းစောင့်ကြည့်ရေးစနစ်ဖြစ်သည်ဟု ဒုတိယ၀န်ကြီးက ပြောသည်။

Leave a Reply

Top