You are here
Home > 2017 > July

ရွှေဗဟိုဈေးကွက် ဖြစ်ပေါ်လာပါက အလုပ်အကိုင်အခွင့်အလမ်းပေါများနိုင်ဟုဆို

နိုင်ငံအတွင်း၌ ရွှေဗဟိုဈေးကွက်ဖြစ်ပေါ်လာပါက ရွှေပန်းထိမ်၊ ငွေပန်းထိမ်လုပ်ငန်းများလုပ်ကိုင်ရန် အတွက် အလုပ်သမားများ ပိုမိုလိုအပ်လာမည်ဖြစ်ခြင်းကြောင့် နိုင်ငံအတွင်း အလုပ်အကိုင်ပိုမိုများပြားလာနိုင် သည်ဟု ရွှေလုပ်ငန်းရှင်များ အသင်းမှ ပြောသည်။ နိုင်ငံအတွင်း ရွှေဗဟိုဈေးကွက်ဖြစ်ပေါ်လာပါက နိုင်ငံတကာစံချိန်မီ ရွှေအရည်အသွေးများကို ထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း၊ ရွှေဗဟိုဈေးကွက်ဖော်ဆောင်ရန် အတွက် အဓိကလိုအပ်ချက်ဖြစ်သော ဈေးကွက်ပြုလုပ်မည့်နေရာကို ၂၀၁၄ ခုနှစ်ကတည်းက စီးပွား/ကူးသန်းဝန်ကြီးဌာနသို့ တင်ပြထားကြောင်း၊ ရွှေဗဟိုဈေးကွက်ဖြစ်ပေါ်လာပါက ပြည်တွင်းအလုပ်အကိုင်ပေါများလာမည့်အပြင် ဒေါ်လာဈေးနှင့် ရွှေဈေးတည် ငြိမလာမည်ဖြစ်ပြီး အသေးစား၊ အလတ်စားလုပ်ငန်းများ ပိုမိုပေါများလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်းမျ အထွေထွေအတွင်းရေးမှူးက ပြောသည်။ “ရွှေဗဟိုဈေးကွက်ဖြစ်လာရင် အလုပ်အကိုင်အခွင့် အလမ်းတွေ ရှိလာမှာပါ။ ရွှေပန်းထိမ်၊ ငွေပန်းထိမ်စတဲ့ သင်တန်းတွေလည်းရှိလာမှာ ဖြစ်ပါတယ်။ ခေတ်မီနည်း ပညာအသုံးပြုပြီးရွှေထည်လက်ဝတ်ရတနာတွေကို ထုတ်လုပ်လာနိုင်မှာပါ။ ရွှေဗဟို ဈေးကွက်မှာ

ခရီးသွားအချက်အလက်ဆိုင်ရာ ၀က်ဘ်ဆိုက်သစ်လွှင့်တင်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ခရီးသွားဆိင်ရာသတင်းအချက်အလက်များကို ဘာသာစကား ၇ မျိုးဖြင့် ကြည့်ရှုနိုင်မည့် www.tourism.gov.mm ၀က်ဘ်ဆိုက်ကို ဇူလိုင်လ ဒုတိယပတ်မှ စတင်၍ လွှင့်တင်ထားကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။ အဆိုပါ ၀က်ဘ်ဆိုက်ကိုနိုင်ငံတကာမှ ကြည့်ရှုနိုင်ရန်အတွက် ဘာသာစကားသစ်များ ထည့်သွင်းထားသည့်အပြင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ခရီးသွားဆိုင်ရာသတင်းအချက်အလက်များကို အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “အရင်ဝက်ဘ်ဆိုက်က မြန်မာတစ်မျိုးတည်းဖြစ်တဲ့အတွက် ပြည်တွင်းလောက်ပဲဖတ်လို့ရပါတယ်။ အခုဝက်ဘ်ဆိုက်က အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ လွှင့်တင်ပေးထားတဲ့အပြင် လာမယ့် စက်တင်ဘာလမှာဘာသာစကား ၇ မျိုးနဲ့ ကြည့်နိုင်အောင် တိုးချဲ့သွားမှာပါ။ အရင်ဝက်ဘ်ဆိုက်ကို org အနေနဲ့ လုပ်တာ ဖြစ်ပါတယ်။ အခုဝက်ဘ်ဆိုက်ကတော့ gov ဆိုပြီး

ပူတာအိုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်ရှိ ပူတာအိုဒေသ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အသိပညာများ ဖလှယ်နိုင်ရန်အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင်လ ဒုတိယပတ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပူတာအိုဒေသတွင် အရှေ့တောင်အာရှဒေသများ၌မရှိသော ဆီးနှင်း ဖုံးလွှမ်းနေပြီး မီတာ ၃၀၀၀ ကျော်မြင့်မားသည့် တောင်များနှင့် တိုင်းရင်းသားများ၏ ရိုးရာလူနေမှုပုံစံများ၊ ၀တ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများသဘာဝအရင်းအမြစ်များ ပေါကြွယ် ၀ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။ “သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေကို လုပ်တဲ့အခါမှာ သဘာဝတွေကို ထိန်းသိမ်းကာကွယ်ရေးနဲ့ ခရီးသွား ကဏ္ဍဖွံ့ဖြိုးရေးအတွက် လုပ်လို့ရတယ်ဆိုတဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီသဘောတရားအပေါ် အခြေခံပြီး ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ဒီလုပ်ငန်းကို ဆောင်ရွက်ရာမှာ ဘာအခက်အခဲတွေရှိတယ်၊

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရောင်းချမည့် အခန်းလျှောက်ထားရက်တိုးမြှင့်

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုါ်ရေးဦးစီးဌာနမှ ဒုတိယအသုတ်ရောင်းမည်ဖြစ်သော တန်ဖိုးနည်းတိုက်ခန်း ရောင်းချမှုလျှောက်ထားရက်ကို ယခင်က ဇူလိုင် ၂၁ ရက်နေ့အထိ ခွင့်ပြုထားရာမှ ယခုလ ၃၁ ရက်နေ့အထိ တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဒုတိယအသုတ်ရောင်းချမည့် တိုက်ခန်းများမှာ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းစက်မှုဇုန် အိမ်ရာစီမံကိန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာစီမံကိန်းနှင့် နေပြည်တော်ရှိ ရွှေနံ့သာ အိမ်ရာစီမံကိန်းတို့မှ အခန်းအရေအတွက် ၁၀၀၀ ကျော်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်တွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပြည့်မီသူများ အနေဖြင့် အခန်းဝယ်ယူရန် လျှောက်ထားနိုင် ကြောင်း သိရသည်။ “ပထမအသုတ်ရောင်းချမှုမှာ တန်ဖိုးနည်းတိုက်ခန်း ၀ယ်ယူသူ ၆၀၀ ကျော်ကို ရောင်းချခဲ့ ပါတယ်။ ဒုတိယ

SMEs အစုအဖွဲ့များအပေါ် လုပ်ငန်းရှင်များ စိတ်ဝင်စားမှုမရှိဟုဆို

မန္တလေးတိုင်းဒေသကြီးအတွင်း အသေးစားနှင့်အလတ်စားလုပ်ငန်းများ (SMEs) အစုအဖွဲ့အစည်းထားပြီးဖြစ်သော်လည်း လုပ်ငန်းမျိုးတူလုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားမှုမရှိသလောက် နည်းပါးနေကြာင်း၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွဋ် ဆွေက ပြောသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း အသေးစားနဲ့ အလတ်စားလုပ်ငန်းအမျိုးတူ အစုအဖွဲ့များကို ၂၀၁၄ ခုနှစ်မှ စတင်၍ ဖွဲ့စည်းဖြစ်ခဲ့ရာတွင် အဖွဲ့ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ “လုပ်ငန်းအမျိုး တူစုတွေ ဖွဲ့စည်းထားတာ ၁၀၀ ကျော်ရှိပါပြီ။ ဒါပေမယ့် လုပ်ငန်းရှင်တွေက စိတ်မ၀င်စားဘူး။ နိုင်ငံတကာရဲ့ သဘောတရားမှာတော့ အမျိုးတူစုတွေ စုဖွဲ့ပြီး အရင်းအနှီးစုမယ်၊ ကုန်ကြမ်းဝယ်မယ်၊ စက်ပစ္စည်းဝယ်တာတွေ က အစ စုပြီးဝယ်တာဆိုတော့ သက်သာပါတယ်။ လုပ်ငန်းရှင်တွေဆိုရင်တော့ တစ်ဦးချင်းပဲ လုပ်ကြတာပါ။ လုပ်ငန်းအမျိုးတူတွေကို စုထားတဲ့အတွက်

မန္တလေးအိမ်ခြံမြေများ အလားအလာပိုကောင်းလာဖွယ်ရှိဟုဆို

မန္တလေးမြို့၏အရှေ့တောင်ဘက်ခြမ်းတွင်ရှိသော အိမ်ခြံမြေများသည် ယခုနှစ်အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးမှုအပိုင်းတွင် အလားအလာကောင်းများဖြင့် ဦးဆောင်နိုင်ဖွယ်ရှိကြောင်း မြို့ခံအိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။ မန္တလေးမြို့၏ မြို့ပြဧရိယာသည် မြို့၏အရှေ့တောင်ဘက်အကွက်အကွင်းအသစ်အဖြစ်ရွေ့လျားနေ ကြောင်း၊ သိပံ္ပလမ်းမှ စတင်၍ တောင်ဘက်ရှိပြည်ကြီးတံခွန်မြို့နယ်ဧရိယာအထိ၊ အရှေ့အနောက်အနေဖြင့် ၇၈ လမ်းမှ ၄၈ လမ်းအပိုင်းအခြားလောက်အထိ အိမ်ခြံမြေဈေးကွက် အားကောင်းလာဖွယ်ရှိကြောင်း မြို့ခံအိမ်ခြံ မြေအကျိုးဆောင်တစ်ဦးက ပြောသည်။ “အခြေကျပြီးဖြစ်တဲ့ မြို့သစ်ဧရိယာတွေထဲမှာ စာသင်ကျောင်းတွေ၊ ဈေးတွေ၊ ဆေးရုံတွေစတဲ့ အခြေခံအဆောက်အအုံတွေ ပြည့်စုံပြီးသားဖြစ်သလို မြို့ပြဆိုင်ရာ အဆောက်အအုံ တွေဖြစ်တဲ့ တန်ဖိုးနည်းအိမ်ရာတွေ၊ ကွန်ဗန်းရှင်းစင်တာတွေ၊ မင်္ဂလာမန္တလေးစီမံကိန်းတွေလည်း ရှိပါတယ်။ မြို့အရှေ့ပိုင်းက တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေရှိတဲ့အတွက် စည်ကားလာဖို့အခွင့်အလမ်းပိုရှိသလို မင်္ဂလာ မန္တလေး၊ စီမံကိန်းကြောင့်လည်း အိမ်ခြံမြေဈေးနှုန်းတွေ ပိုကောင်းလာနိုင်တယ်။ ဒီဧရိယာအတွင်းမှာ အရေးပါတဲ့လမ်းတွေရဲ့

သီရိလင်္ကာနိုင်ငံမှ ဆန်တန်ချိန် ၅၀၀၀၀၀ ၀ယ်ယူရန် ကမ်းလှမ်းထား

သီရိလင်္ကာနိုင်ငံမှ မြန်မာနိုင်ငံမရှိ ထွက်ရှိသော ပေါင်းဆန် ၂၀၀၀၀၀ နှင့် ဆန်ဖြူ ၃၀၀၀၀၀ စုစုပေါင်း တန်းမြင့်ဆန်တန်ချိန် ၅၀၀၀၀၀ ၀ယ်ယူရန် ကမ်းလှမ်းထားသည်ဟု မြန်မာ့ကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ ညွှန် ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။ သီရိလင်္ကာနိုင်ငံမှ မြန်မာ့ဆန်များကို ၀ယ်ယူရန် အစိုးရချင်းလက်မှတ်ရေးထိုးထားပြီး ဆန်တင်ပို့ရောင်းချနိုင်ရန်အတွက် သီရိလင်္ကာသံအမတ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့နှင့် တွေ့ဆုံမှုများကို ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဆန်တန်ချိန် ၅၀၀၀၀၀ လောက်လို့ ပြောထားပါတယ်။ ဈေးနှုန်းအနေနဲ့က လွန်ခဲ့တဲ့ ၂ လလောက်တုန်းက တစ်တန်ကို ဒေါ်လာ ၂၈၅ လို့ တင်ပြထားတယ်။ အဲဒီတုန်းက သူတို့အကြောင်းမပြန်ဘူး။ အခုပေါက်ဈေးကတစ်တန်ကို ဒေါ်လာ

နယ်စပ်ကုန်သွယ်မှု မြင့်တက်လာ

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ဖြစ်သော ဧပြီလမှ ဇူလိုင်လအထိ မြန်မာ့နယ်စပ်ကုန်သွယ်မှုသည် ဒေါ်လာ ၂ ဘီလီယံခန့်ရှိပြီး ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလကထက် ဒေါ်လာသန်း ၅၀ ကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း ၁၆ ခု ရှိပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇူလိုင်လ ပထမအပတ်အထိ ပို့ကုန်ဒေါ်လာ ၁.၂ ဘီလီယံခန့် တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ဒေါ်လာ သန်း ၇၆၀ ကျော်အထိ ကုန်သွယ်မှုပြနိုင်ခဲ့ကြောင်း၊ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်း ၅ ခုအနက် မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှု ၆၁ သန်းခန့် တိုးမြှင့်နိုင်ခဲ့ပြီး ချင်းရွှေဟော်နှင့် ကျိုးတုံနယ်စပ်စခန်းများတွင် ဒေါ်လာ ၄ သန်းခန့် ကျဆင်းခဲ့ကြောင်း၊ မြန်မာ-ထိုင်း၊ နယ်စပ်ုန်သွယ်ရေးစခန်း

၎ နှစ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်သည့် ပမာဏ ကျပ် ၄၀ ဘီလီယံကျော်ရှိ

လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအားစိုက်ပျိုး စရိတ် ချေးသွေ ထုတ်ချေးလျက်ရှိရာတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တောင်သူများထံမှ စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်သော ပမာဏသည် ကျပ် ၄၀ ဘီလီယံ ကျော်ရှိနေကြောင်း လယ်ယာ ဖွံ့ဖြိုါ်ရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါကြွေးကျန်စာရင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာအရာ စာရင်းဖြစ်ပြီး ၂၀၁၁ အထိ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအားလုံးအချိန်မီ ပြန်လည် ပေးဆပ်နိုင်သော်လည်း ၂၀၁၂ ခုနှစ်မှ စတင်၍ တောင်သူအချို့မှ စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်မပေးဆပ်နိုင်ကြတော့ကြောင်း၊ ဘဏ်လုပ်ထုံးလုပ် နည်းအရ အကြေးအကျေ ပြန်ဆပ်မှ ချေးငွေထပ်မံထုတ်ချေးပေးနိုင်မည်ဖြစ်ပြီး တောင်သူနှင့် ဘဏ်နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန် ချေးငွေကို အချိန်မှန်ပြန်ဆပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။ “၂၀၁၁ အထိ

ရေနစ်မြုပ်ခဲ့သော စိုက်ခင်းများကို ထောက်ပံ့ပေးမည်ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှုများပြားခြင်းနှင့် မြစ်ရေကြီးခြင်းတို့ကြောင့် စိုက်ဧက ၁၆၀၀၀ ကျော် ရေနစ်မြုပ်ခဲ့သော စိုက်ခင်းများကို ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးမည်ဟု တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောသည်။ စစ်ကိုင်းတိုင်းအတွင်းရေနှစ်မြုပ်ခဲ့သော စိုက်ခင်းများအားထောက်ပံ့ကူညီမှုများပြုလုပ်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြထားကြောင်း၊ ပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက်မျိုးနှင့် ငွေကြေး ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။ “မြစ်ရေကြီးလာတဲ့အတွက် စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးသွားတာတွေရှိတယ်။ ဒါတွေကို ထောက်ပံ့ဖို့ ပြည်ထောင်စု အစိုးရကို တင်ပြထားပါတယ်။ ဘယ်လောက်ရမယ်၊ ဘယ်လိုပေးရမယ်ဆိုတာကတော့ လောလောဆယ် အသေးစိတ် မသိရသေးပါဘူး။ ဒါပေမယ့် လိုအပ်နေတဲ့ ကူညီထောက်ပံ့မှုတွေကိုတော့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးက ပြောသည်။

Top