You are here
Home > 2017 > June (Page 2)

ပြည်တွင်း ဆန်ဈေးကွက်၌ ဆန်ကြမ်းဈေးနှုန်းမြင့်တက်

ပြည်ပမှ ဆန်တင်ပို့ရန်အမှာများပြားနေခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပြည်တွင်းဆန်ဈေးကွက်၌ ဆန်ကြမ်းဈေးနှုန်းများ မြင့်တက်လာသည်ဟု ဆန်ကုန်သည်များက ပြောသည်။ မြန်မာ့ဆန်များကို အာဖရိကနိုင်ငံများမှ ၀ယ်ယူမှုပမာဏမြင့်တက်လာခြင်းကြောင့် ဆန်ကြမ်းဈေးနှုန်းသည် ပျှမ်းမျှကျပ် ၁၀၀၀ ခန့် ဈေးတက်လာကြောင်း၊ ပြည်တွင်းဆန်ဈေးကွက်၌ ၂၅ မှတ်တန် ဆန်တစ်အိတ်လျှင် ၁၆၀၀၀ ကျပ် မှ ၁၇၀၀၀ ကျော်သို့ ဈေးနှုန်းမြင့်တက်လာကြောင်း ဆန်ကုန်သည်တစ်ဦးက ပြောသည်။ “ဆန်တင်ပို့မှုမှာ ရေလမ်းကနေ တင်ပို့မှုက ပိုပြီးမြင့်တက်လာမယ့် အလားအလာတွေ ရှိနေတယ်။ ထိုင်းနဲ့ ဗီယက်နမ်က ဆန်ဈေးနှုန်းမြင့်တက်ခဲ့ပေမယ့် ဒေသနိုင်ငံတွေထဲမှာ အသက်သာဆုံးဖြစ်တဲ့ မြန်မာ့ဆန် ကို နိုင်ငံခြားဆန်ကုန်သည်တွေက ၀ယ်ယူမှု ကမ်းလှမ်းလာတာပါ” ဟု ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဝန်ဆောင်ခနှင့် အခွန်အခကောက်ခံမှုများကိုကြိုတင် အသိမပေးသည့် စားသောက်ဆိုင်များအား အရေးယူမည်ဟုဆို

စားသုံးသူများထံမှ ကောက်ယူသော ၀န်ဆောင်ခနှင့် အခွန်အခများ ကြိုတင်အသိပေးမှုမရှိသော စားသောက်ဆိုင်များကို အရေးယူမည်ဟု စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။ စားသုံးသူကာကွယ်ပေးရေးဥပဒေ၌ ကုန်စည်နှင့် ၀န်ဆောင်မှုအပေါ် ရှင်းလင်းမှန်ကန်သောအချက် အလက်များ ပေးရမည်ဆိုသောအချက်ထည့်သွင်းထားပြီး ယင်းအချက်ကို ဖောက်ဖျက်ကြောင်း တွေ့ရှိပါက သတိပေးခြင်း၊ ပြင်းထန်စွာ သတိပေးခြင်း၊ လျော်ကြေးပေးစေခြင်း စသည့်အရေးယူမှုများ ပြုလုပ်နိုင်သည်ဟု ပြဋ္ဌာန်းထားခြင်းကြောင့် စားသောက်ဆိုင်များအနေဖြင့် စားသုံးသူများအား ၀န်ဆောင်ခနှင့် စားသုံးခွန်ကို ကြိုတင်အသိပေးရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။ “ဥပဒေထဲမှာ စားသုံးသူတွေ အချက်အလက်အ ပြည့်အစုံရခွင့် ရှိပါတယ်။ အကယ်၍ ထိန်ချန်ထားမယ်ဆိုရင် ဥပဒေအရ အရေးယူပိုင်ခွင့်ရှိပါတယ်။ စားသောက် ဆိုင်အချို့ စားသုံးသူတွေ စားသုံးပြီးမှ သူတို့ရဲ့ ၀န်ဆောင်ခကို ထည့်သွင်းတာတွေလည်း ရှိတယ်။ ဒီတော့

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ဘီလီယံ ၁၉၈၀ ချေးမည်

မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ရာသီအလိုက်စိုက်ပျိုးစရိတ် ချေးငွေ ကျပ်ဘီလီယံ ၁၉၈၀ ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလီယံ ၁၆၃၀ ထုတ်ချေးခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် ကျပ် ဘီလီ ၁၉၈၀ ထုတ်ချေးရန် သတ်မှတ်လျာထားကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “စိုက်ပျိုးစရိတ်ချေးငွေအနေနဲ့ စပါးတစ်ဧကကို ကျပ်တစ်သိန်း၊ ကြံတစ်ဧကကို ကျပ်တစ်သိန်းထုတ်ချေးမှာပါ။ ပဲမျိုးစုံ၊ နှမ်း၊ ဂုံလျှော်၊ ၀ါးစတဲ့ သီးနှံတွေကိုတော့ တစ်ဧကကို ကျပ်ငါးသောင်းနှုန်းနဲ့ ထုတ်ချေးမှာပါ။ မိုးရာသီချေးငွေအနေနဲ့ မေလ ၂၃ ရက်နေ့က စတင်ထုတ်ချေးခဲ့ရာမှာ ဇွန်လ ၇ ရက်နေ့အထိ မြို့နယ်ပေါင်း ၂၁၈ မြို့နယ်ကို ကျပ်ဘီလီယံ ၁၀၀

စင်ကာပူ အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာကြောင်း စောင့်ကြည့်လေ့လာသူများ သုံးသပ်

ပြီးခဲ့သောလအနည်းငယ်အတွင်း စင်ကာပူနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်မှာ ပြန်လည်ဦးမော့လာခဲ့ပြီး အရောင်းအ၀ယ်ပမာဏများပြားလာခဲ့ကြောင်း ဈေးကွက် စောင့်ကြည့်လေ့လာသူများက ဆိုခဲ့သည်။ ဗြိတိန်အခြေစိုက်ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Fidelity International က ထိန်တန်းအမူ ဆောင်အရာရှိတစ်ဦးက “စင်ကာပူအိမ်ခြံမြေ ဈေးကွက်ဟာ ကာလရှည်အနေအထားနဲ့ ဦးမော့လာပါပြီ။ ငွေကြေးဈေးကွက်တစ်ခုဖြစ်လာဖို့ တွန်းအားပေးနေတယ်” ဟု ပြောကြားခဲ့သည်။ စင်ကာပူအိမ်ခြံမြေကုမ္ပဏီ များဖြစ်သော UOL Group နှင့် City Development တို့မှာ ဈေးကွက်ဝေစု ၃၀ ရာခိုင်နှုန်းအထိ ရရှိထားကြောင်း သိရသည်။

Toshiba ၏ ချစ်ပ်ပြားထုတ်လုပ်ရေး အစိတ်အပိုင်းကို ၀ယ်ယူရာတွင် Apple နှင့် Dell ကုမ္ပဏီတို့ ပူးပေါင်း ပါဝင်မည်ဟု သတင်းထွက်ပေါ်

ဂျပန်အခြေစိုက် Toshiba ကုမ္ပဏီ၏ ကွန်ပျူတာချစ်ပ်ပြားထုတ်လုပ်ရေး အစိတ်အပိုင်းကို ပူးပေါင်းဝယ် ယူမည့် အစီအစဉ်တွင် Apple နှင့် Dell ကုမ္ပဏီတို့ ပါဝင်လာကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ Toshiba ကုမ္ပဏီသည် အမေရိကန်ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံခဲ့သော နျူကလီးယားစွမ်းအင် ထုတ်လုပ်ရေးစီမံကိန်းမှ အရှုံးပေါ်မှုကို ကာမိစေရန်အတွက် ကွန်ပျူတာချစ်ပ်ပြားထုတ်လုပ်ရေးအစိတ်အပိုင်းကို ရောင်းချရန် စီစဉ်နေခြင်းဖြစ်သည်။ ယင်းချစ်ပ်ပြားထုတ်လုပ်ရေးအစိတ်အပိုင်းကို အမေရိကန် အီလက်ထရော နှစ်ကုမ္ပဏီ Foxconn က ဦးဆောင် ၀ယ်ယူသွားမည်ဖြစ်ပြီး Apple နှင့် Dell ကွန်ပူတာ ကုမ္ပဏီတို့ကလည်း ငွေကြေးစိုက်ထုတ်ကာ ပူးပေါင်းပါဝင်သွားမည်ဖြစ်သည်။ Foxconn သည် နည်းပညာထုတ်ကုန်ပစ္စည်းများ အတွက် အီလက်ထရောနှစ်အစိတ်အပိုင်းများ ထုတ်လုပ်တပ်ဆင်ပေးနေသည့် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်ပြီး Apple ကုမ္ပဏီအတွက်

မိုးရာသီကားဈေးကွက်ကျဆင်းနိုင်ဖွယ်ရှိနေ

ယခုနှစ်မိုးရာသီကားဈေးကွက်သည် မျှော်မှန်းထားသကဲ့သို့ အရောင်းအ၀ယ်မြင့်တက်လာခြင်းမရှိဘဲ ဆက်လက်၍ ကျဆင်းနိုင်ကြောင်း ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ ကားဈေးကွက်တါင် သင်္ကြန်းအပြီးကာလများနှင့် ကျောင်းဖွင့်ရာသီများ၌ အရောင်းအ၀ယ်ကောင်းမွန် လေ့ရှိသော်လည်း ယခုနှစ်ဈေးကွက်သည်အရောင်းအ၀ယ်မဖြစ်သလောက် ငြိမ်သက်နေသည်ဟု ကားဈေးကွက်ကျွမ်းကျင်သူ ဦးဝင်းမြင့်ဦးက ပြောသည်။ “ကျောင်းဖွင့်ရာသီတွေဆိုရင် ကားအရောင်းအ၀ယ်ဈေးကွက်က ပုံမှန်ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အရောင်းအ၀ယ်မဖြစ်သလောက် ငြိမ်သက် နေတယ်။ လက်ရှိမှာ အခွန်နှုန်းမြင့်မားတာရယ်၊ ငွေဈေးမြင့်မားနေတာရယ်ဆိုတော့ ကားဈေးတွေလည်း လိုက်မြင့်နေတဲ့အတွက် အရောင်းအ၀ယ်ကျဆင်းတာပါ။ ဒီနှစ်မိုးရာသီမှာတော့ ကားဈေးကွက်က အရောင်းအ၀ယ်မရှိဘဲ ဆက်လက်ကျဆင်းနိုင်တယ်” ဟု ၎င်းက ပြောသည်။

ရှယ်ယာဈေးနှုန်း ကျဆင်းသော်လည်း အရောင်းအ၀ယ်မြင့်တက်

ရန်ကုန်စတော့ရှယ်ယာ ဈေးကွက်အတွင်း ရှယ်ယာဈေးနှုန်းများ ဆက်လက်ကျဆင်းနေသော်လည်း ရှယ်ယာအရောင်းအ၀ယ်ဈေးကွက် ပြန်လည်မြင့်တက်လာသော စတော့ရှယ်ယာ ရောင်းဝယ်သူများထံမှ သိရသည်။ ရှယ်ယာဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် ရှယ်ယာဝယ်ယူစုဆောင်းနေသူများအတွက် သင့်တော် တဲ့အနေအထားရှိနေသည်ဟု ရှယ်ယာဈေးကွက် ကျွမ်းကျင်သူများက ပြောသည်။ “ဇွန်လ ၁၃ ရက်နေ့မှာ ရန်ကုန်စတော့ ရှယ်ယာဈေးကွက်ထဲမှာ FMI ရှယ်ယာ တစ်စုကို ကျပ် ၁၅၀၀၀ ပေါက်ဈေးရှိနေတယ်။ အစု ရှယ်ယာ ၃၀၀၀ ကျော် အရောင်းအ၀ယ်ဖြစ်တယ်။ သီလ၀ါရှယ်ယာဈေးကတော့ ကျပ် ၃၇၅၀ ပေါက်ဈေးရှိနေပြီး အစုရှယ်ယာ ၃၀၀၀ နီးပါး အရောင်းအ၀ယ်ဖြစ်နေတယ်။ ဘဏ်နှစ်ခုရဲ့ ရှယ်ယာပေါက် ဈေးက အတက်အကျမရှိဘဲ ပုံမှန်အတိုင်းသာ အရောင်းအ၀ယ်ဖြစ်နေတယ်။ မြန်မာနိုင်ငံသားများဘဏ်ရှယ် ယာပေါက်ဈေးက ကျပ် ၉၂၀၀

CB ဘဏ်မှ SMEs လုပ်ငန်းများအတွက် ချေးငွေထုတ်ချေးပေးမည်

CB ဘဏ်နှင့် ဂျာမနီနိုင်ငံအခြေစိုက် KFW ဖွံ့ဖြိုါ်ရေးဘဏ်တို့ပူးပေါင်း၍ နိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (SMEs) အတွက် CB-KFW ချေးငွေသစ်ကို ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ချေးငွေကို တစ်နှစ်မှ ငါးနှစ်အထိ ကာလတို၊ ကာလရှည်ချေးငွေအမျိုးအစာနှစ်မျိုးဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ပြီး မြန်မာကျပ်ငွေသိန်း ၁၀၀၀ အထိ ထုတ်ချေးနိုင်မည်ဖြစ်ကြောင်းနှင့် လာမည့် သြဂုတ်လမှ စတင်၍ ထုတ်ချေးပေးမည်ဖြစ်ကြောင်း CB ဘဏ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဂျာမဏီ နိုင်ငံက SMEs လုပ်ငန်းတွေအတွက် ထောက်ပံ့ငွေအဖြစ် ယူရို ၄.၄၅ သန်းကို ပေးအပ်ခဲ့တာပါ။ စီမံကိန်းနဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာနက မြန်မာ့ စီးပွားရေးဘဏ်ကိုလွှဲပြောင်းပေးခဲ့တာပါ။ မြန်မာ့ စီးပွားရေးဘဏ်ကနေ CB ဘဏ်ကို

ရန်ကုန်မြို့၏ ရေကြီးရေလျှံပြဿနာအတွက် ဒေါ်လာသန်း ၁၀၀ အသုံးပြုမည်

မိုးရာသီများတွင် ဖြစ်ပွားလေ့ရှိသော ရန်ကုန်မြို့၏ ရေကြီးရေလျှံပြဿနာကို ကမ္ဘာ့ဘဏ်၏ ချေးငွေသန်း ၁၀၀ ကို အသုံးပြုဖြေရှင်းဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖွန်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရန်ကုန်မြို့၏ ရေကြီးရေလျှံပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ကမ္ဘာ့ဘဏ်မှ ကူညီထောက်ပံ့သော ဒေါ်လာသန်း ၁၂၅ သန်းမှ သန်း ၁၀၀ ကို အသုံးပြုဖြေရှင်းမည်ဖြစ်ပြီး ယင်းလုပ်ငန်းအတွက် စီမံချက်ရေး ဆွဲဆောင်ရွက်သွားမည်ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ “ရေကြီးရေလျှံမှုကို အဓိကဖြစ်စေတဲ့ မြောင်းတွေကို ရှင်းမှုလုပ်ငန်းတွေ၊ လူသွားလမ်းပလက်ဖောင်တွေကို အဆင့်မြင့်တင်တာတွေကို ဆောင်ရွက်သွားမှာပါ။ ကားမှတ်တိုင်တွေကိုလည်း အဆင့်မြှင့်တင်တာတွေလည်း ဆောင်ရွက်သွားမှာပါ။ ဒီလုပ်ငန်းတွေကို လာမယ့်ပွင့်လင်းရာသီမှာ လုပ်ဆောင်သွားမှာပါ။ ဒီလုပ်ငန်းတွေကို လာမယ့်ပွင့်လင်းရာသီ

လုံခြုံရေးအဆင့်မြှင့်တင်ထားသော ငွေစက္ကူများအား အတုပြုလုပ်ရန် ခက်ခဲဟုဆို

ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန်ငွေစက္ကူအတုများကို ယခင်ပုံစံဟောင်း ငွေစက္ကူများတွင်သာ တွေ့ရပြီး လုံခြုံရေးအဆင့်မြှင့်တင်ထားသော ငွေစက္ကူများ၏ပုံစံများဖြင့် အတုတွေ့ရှိရမှု မရှိသလောက် နည်းပါး နေသည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်းက ပြောသည်။ ဗဟိုဘဏ်အနေဖြင့် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ဝေခဲ့သော ၅၀၀၀ ကျပ်တန်ငွေစက္ကူများအား ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် လုံခြုံရေး အဆင့်တိုးမြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သော ၁၀၀၀၀ ကျပ်တန် ငွေစက္ကူများအား ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင်

Top