You are here
Home > Business News > မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် အီတလီနိုင်ငံမှ ဒေါ်လာတစ်သန်းလှူဒါန်း

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် အီတလီနိုင်ငံမှ ဒေါ်လာတစ်သန်းလှူဒါန်း

မြောက်ဦးဒေသဖွံ့ဖြိုးရေးနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ဖော်ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အီတလီနိုင်ငံမှ အမေရိကန်ဒေါ်လာတစ်သန်း လှူဒါန်းထားကြောင်း ရှေးစောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦးဇုန်)မှ ညွှန်ကြားရေးမှူး ဦးငြိမ်းလွင်က ပြောသည်။
အီတလီနိုင်ငံအနေဖြင့် သရေခေတ္တရာပျူမြို့ဟောင်းနှင့် ပုဂံယဉ်ကျေးမှုနယ်မြေများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီး မြောက်ဦးဒေသကို ဆက်လက်ထောက်ပံ့မှုအနေဖြင့် ယခုလအတွင်း ဒေါ်လတစ်သန်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် အီတလီက ဒေါ်လာ တစ်သန်းလှူဒါန်းတာပါ။ အဲဒီလှူဒါန်းမှုက ယူနက်စကိုကနေလှူဒါန်းလိုက်တာဖြစ်တဲ့အတွက် လှူဒါန်း လိုက်တဲ့ငွေကို ယူနက်စကိုက ဦးဆောင်ပြီး ယခုဘဏ္ဍာရေးနှစ်အတွင်မှာပဲ လိုအပ်တဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top