You are here
Home > Business News > အစိုးရသစ်လက်ထက်၌ ရန်ကုန်တိုင်းအတွင်း ဟိုတယ် ၁၀၀ ကျော် ခွင့်ပြုခဲ့ဟု ၀န်ကြီးပြော

အစိုးရသစ်လက်ထက်၌ ရန်ကုန်တိုင်းအတွင်း ဟိုတယ် ၁၀၀ ကျော် ခွင့်ပြုခဲ့ဟု ၀န်ကြီးပြော

အစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်လုပ်ငန်းများလုပ်ကိုင်ခွင့်လျှောက် ထားသူ ၁၈၃ ဦးအနက် ၁၀၃ ဦးကို လုပ်ကိုင်ခွင့်ပြုခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဇွန်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်ကထက် ၃၆ ရာခိုင်နှုန်းတိုးတက်လာကြောင်း၊ ဟိုတယ်လုပ်ငန်းလျှောက်ထားမှုအပေါ်စိစစ်၍ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “အစိုးရသစ်လက်ထက် တစ်နှစ်ကြာကာလအတွင်းမှာ ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်း၊ တည်းခိုဆောင်လုပ်ကိုင်ခွင့်လျှောက်ထားမှုတွေကို စိစစ်ခဲ့ပါတယ်။ လျှောက်ထားမှုတွေထဲက ၁၀၃ ဦးကို ခွင့်ပြု ပေးခဲ့ပါတယ်။ ၅ ခုကို ပယ်ချပြီး ကျန်တစ်ခုကိုတော့ စိစစ်နေဆဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top