You are here
Home > Business News > တန်ဖိုးနည်းအိမ်ရာများအတွက် ကနဦးပေးသွင်းငွေပမာဏ လျှော့ချမည်

တန်ဖိုးနည်းအိမ်ရာများအတွက် ကနဦးပေးသွင်းငွေပမာဏ လျှော့ချမည်

တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူလိုသူများအတွက် ကနဦးပေးသွင်းရသော အိမ်ရာတန်ဖိုး ငွေပမာဏကို ၃၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ရန် ဆောင်ရွက်နေသည်ဟု အိုးအိမ်နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်က ပြောသည်
တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူလိုသူများအတွက် အရစ်ကျငွေပေးသွင်းကာလကို လက်ရှိတွင် ၁၀ နှသ်အထိသာ ပေးသွင်းကာလကို လက်ရှိတွင် ၂၀ နှစ်အထိသာ ပေးနိုင်သေးကြောင်း၊ မိသားစုဝင်ငွေတလ ၃ သိန်းခန့် ရရှိသော ၀င်ငွေနည်းပြည်သူများတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ တန်ဖိုးနည်းတိုက်ခန်းများကို ရောင်းချ ပေးနိုင်ရန်ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။ “ချေးငွေကာလကိုသက်တမ်းပိုကြာကြာချေးနိုင်မှ လက်ငင်းငွေချေမှုကိုပါ လျှော့ချနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးနည်း အိမ်ရာဝယ်ယူလိုသူတွေအတွက် လက်ငင်းငွေပေးသွင်းရတဲ့ ပမာဏကို လျှော့ချနိုင်ဖို့ စတင်ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top