You are here
Home > Business News > တတ်ဖိုးသင့်အိမ်ရာ နှစ်ရှည်ချေးငွေအတိုးနှုန်းသင့်တင့်မျှတဟုဆို

တတ်ဖိုးသင့်အိမ်ရာ နှစ်ရှည်ချေးငွေအတိုးနှုန်းသင့်တင့်မျှတဟုဆို

တန်ဖိုးသင့်အိမ်ရာများ ၀ယ်ယူရန်အတွက် ဘဏ်များမှ နှစ်ရှည်ချေးငွေပေးနေသော အတိုးနှုန်းသည် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များပြားနေသော်လည်း မြန်မာနိုင်ငံအနေအထားနှင့် နှိုင်းယှဉ်ပါက သင့်တင့်မျှတမှုရှိသည်ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ ဈေးကွက်ဌာနလက်ထောက်မန်နေဂျာ ဦးဟိန်းဝေအောင်က ပြောသည်။
အာဆီယံနိုင်ငံများတွင် အိမ်ဝယ်ယူရန် နှစ်ရှည်ချေးငွေကို အတိုးနှုန်း ၆ ရာခိုင်နှုန်းသာ ယူလေ့ရှိသော် လည်း မြန်မာနိုင်ငံ၌ ၁၃ ရာခိုင်နှုန်းအတိုးယူနေမှုအပေါ် ဝေဖန်မှုများရှိနေကြောင်း၊ ပြည်တွင်းဘဏ်များ၌ အပ်နှံထားသော ငွေပမဏများပြားပါက ချေးငွေအပေါ် အတိုးနှုန်းလျော့ကျလာနိုင်မည်ဖြစ်ပြီး ဘဏ်များသည် နိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “နိုင်ငံတကာနဲ့ ယှဉ်ရင်တော့ အိမ်ရာနှစ်ရှည်ချေးငွေက အတိုးနှုန်းများနေတဲ့အပေါ်မှာ ရှိပါတယ်။ ဘဏ်ရဲ့ သဘောအရ ဘဏ်က အပ်ငွေကို ထုတ်ချေးစနစ်နဲ့ အပ်ငွေအပေါ် အတိုးပေးပြီး ထုတ်ချေးတာ ဖြစ်ပါ တယ်။ အဲဒီကြားပမာဏကွာဟချက်နဲ့ ရပ်တည်တာပါ။ ကျွန်တော်တို့ဆီမှာ အပ်ငွေ အတိုးနှုန်းက အနည်းဆုံး ၈.၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်အထိ ရှိတယ်။ သူတို့ ပေးတဲ့ အပ်ငွေအပေါ် အတိုးနှုန်းက ၀.၀၄ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top