You are here
Home > Business News > ကျူးကျော်များကို နေရာချထားပေးမည့် ဧရိယာတစ်ခု သတ်မှတ်မည်ဟု ၀န်ကြီးချုပ်ပြော

ကျူးကျော်များကို နေရာချထားပေးမည့် ဧရိယာတစ်ခု သတ်မှတ်မည်ဟု ၀န်ကြီးချုပ်ပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများအား နေရာချထားပေးမည့်ဧရိယာတစ်ခုကို ရွေးချယ်သတ်မှတ်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ကျူးကျော်နေထိုင်သူများအား ဧရိယာတစ်ခုသတ်မှတ်၍ နေရာချထားပေးရန် ဆောင်ရွက်ရာ၌ အမှန်တကယ် ကျူးကျော်နေထိုင်သူများကိုသာ စီစဉ်ပေးမည်ဖြစ်ပြီး လိမ်လည်လျှောက်ထားသူများကို စိစစ်အရေးယူမည်ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ “ကျူးကျော်မဟုတ်ဘဲ အစိုးရကို လိမ်လည်လျှောက်ထားတဲ့ သူတွေကို စိစစ်အရေးယူသွားမှာပါ။ ကျူးကျော်တွေကို နေရာချထားပေးဖို့အတွက် ဧရိယာ တစ်ခု ရွေးချယ်သတ်မှတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ခေတ်အဆက်ဆက် ကျူးကျော်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကျူးကျော်တွေကို နေရာချထားပေးရာမှာလည်း အခက်အခဲတွေ ခံစားခဲ့ရတဲ့ ပြည်သူတွေလည်း များစွားရှိပါတယ်။ ဒါကြောင့် ကျူးကျော်တွေကို စနစ်တကျနေရာချထားနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူထားရာတွင် ကျူးကျော်နေထိုင်သူ ၄ သိန်းကျော်ခန့်ရှိကြောင်း သိရသည်။

Leave a Reply

Top