You are here
Home > Business News > သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်အသင်းကို ပြောင်းလဲ ဖွဲ့စည်းမည်

သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်အသင်းကို ပြောင်းလဲ ဖွဲ့စည်းမည်

သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် ရည်ရွယ်၍ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရာင်းချသူများအသင်းကို အသင်းချုပ်အဖြစ် လာမည့် ဇူလိုင်လတွင် ပြောင်းလဲတိုးမြှင့်ဖွဲ့စည်းသါားမည်ဖြစ်ကြောင်း ယင်းအသင်းမှ အတွင်းရေးမှူး ဦးတင်အောင်က ပြောသည်။
သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းကို အသင်းချုပ်အဖြစ် ပြောင်းလဲနိုင်ရန်အတွက် ဆောင်ရွကနေပြီး ၂၀၁၈ ခုနှစ်၌ အသင်းချုပ်အဖြစ် ဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “အဖွဲ့ချုပ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ဖို့အတွက် ဥပဒေအကြံပေး တာတွေကို ဆွေးနွေးနေပါတယ်။ ပြည်နယ်တွေမှာရှိတဲ့ အစုအဖွဲ့တွေ အားကောင်းလာအောင် လုပ်ဆောင်နေ တယ်။ အဖွဲ့မရှိတဲ့နေရာတွေမှာလည်း အဖွဲ့တွေ သွားဖွဲ့တယ်။ အဖွဲ့ပုံရိပ်နဲ့ အဖွဲ့ချုပ်ပုံရိပ်ဆိုတာ အရမ်းကွားခြား ပါတယ်။ အဖွဲ့အနေနဲ့က ပိုပြီးအားကောင်လာတဲ့အတွက် လုပ်စရာတွေ များလာလို့ အဖွဲ့ချုပ်အဖြစ် ပြောင်းလဲမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း လက်အောက်တွင် ဖရဲ၊ သခွား၊ သရက်၊ မှို၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စသည့် အစုအဖွဲ့ပေါင်း ၃၀ ခန့်ရှိပြီး အသင်းဝင်ပေါင်း ၄၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

Leave a Reply

Top