You are here
Home > Business News > မန္တလေးတောင်ခြေ၌ ညဈေးဖွင့်လှစ်မည်

မန္တလေးတောင်ခြေ၌ ညဈေးဖွင့်လှစ်မည်

မန္တလေးတောင်ခြေ၌ တည်ဆောက်နေသော ညဈေးသစ်ကို လာမည့်ဇွန်လ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတောင်ခြေရှိ ယခင်ရတနာပုံရေကူးကန်နေရာတွင် ညဈေးသစ်တည်ဆောက်နေခြင်းဖြစ်ပြီး ယင်းညဈေးတွင် ပေ ၂၀ x ၄၀ ဆိုင်ခန်း ၆ ခန်း၊ ၁၀ ပေ x ပေ ၂၀ ဆိုင်ခန်း ၁၆ ခန်း၊ ၈ ပေပတ်လည်ဆိုင်ခန်း ၂၀၀ ပါဝင်မည်ဖြစ်ကြောင်း ယင်း စီမံကိန်းကို ဆောင်ရွက်နေသော Myanmar Dayi ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးတည်ကြည်အောင်က ပြောသည်။ “ညဈေးတည်ဆောက်ဖို့အတွက် စည်ပင်သာယာက နေ BOT စနစ်နဲ့ လုပ်ကိုင်ခွင့်ရပြီးနောက်ပိုင်း ဇန်န၀ါရီလကနေ စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ စစချင်းအရင်ရှိနေတဲ့ အဆောက်အအုံဟောင်းတွေကို ၂ လ လောက် ဖက်ရပါတယ်။ ဒီလ ၂၃ ရက်နေ့မှာတော့ BKK Night Market နဲ့ Soft Opening ဖွင့်ပြီး ၇ လပိုင်းလောက်မှာ နောက်တစ်ဆင့် Grand Opening ဖွင့်မယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top