You are here
Home > Business News > ပုဂံဇုန်နယ်နိမိတ်များ သတ်မှတ်ခြင်းကို အတည်ပြုမည်

ပုဂံဇုန်နယ်နိမိတ်များ သတ်မှတ်ခြင်းကို အတည်ပြုမည်

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန်အတွက် ဇုန်နယ်နိမိတ်သတ်မှတ်ခြင်းလုပ်ငန်းကို ယခုလကုန်တွင် အတည်ပြုသတ်မှတ်သွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန (ပုဂံ) ညွှန့်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။
ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်ရာ၌ ဒေသခံများ နစ်နာမှုမရှိစေရန် ယခင် သတ်မှတ်ထားသည့် ဇုန်နယ်နိမိတ်များကို ထပ်မံတိုးချဲ့ပေးထားကြောင်း၊ ယခင်က ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ဧရိယာမှာ ဧက ၂၇၉၇၀ ခန့်သာ ရှိသော်လည်း ထပ်မံတိုးချဲ့သတ်မှတ်ပြီးပါက ဧက ၅၀၀၀၀ ကျော်အထိ ရှိလာနိုင်သည်ဟု ၎င်းက ပြောသည်။ “ဇုန်နယ်နိမိတ်သတ်မှတ်မှုကို ယခုလထဲမှာ အပြီးသတ်လုပ် ဆောင်သွားမှာပါ။ ဇုန်နယ်နိမိတ်သတ်မှတ်ပြီးမှ ယူနက်စကို့ကို တင်ပြလို့ရမှာပါ။ ဇုန်နယ်နိမိတ်သတ်မှတ်ရာမှာ မြို့ခံတွေအတွက် အရမ်းအရေးကြီးပါတယ်။ ဇုန်နယ်နိမိတ်သတ်မှတ်ရာမှာ ဒေသခံတွေအတွက် ထည့်သွင်းစဉ်း စားပေးထားပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top