You are here
Home > Business News > ပို့ကုန်လုပ်ငန်းရှင်များအား စီးပွား/ ကူးသန်းဝန်ကြီးဌာနမှ ငွေချေးမည်

ပို့ကုန်လုပ်ငန်းရှင်များအား စီးပွား/ ကူးသန်းဝန်ကြီးဌာနမှ ငွေချေးမည်

ပို့ကုန်လုပ်ငန်းရှင်များအား တစ်နှစ်လျှင် ချေးငွေ ၈ ရာခိုင်နှုန်းဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ငွေချေးမည်ဖြစ်ကြောင်း စီးပွား/ကူးသန်း ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောသည်။
ပြည်တွင်း ဘဏ်များတွင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းခန့် ရှိနေပြီး အိမ်နီးချင်းနိုင်ငံများ၌ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း အထိသာ ရှိခြင်းကြောင့် အစိုးရအနေဖြင့် တစ်ဆင့်ပြန်လည် ချေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း စီးပွား/ ကူးသန်းဝန်ကြီးဌာနအနေဖြင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ပို့ကုန်များ ဆုံးရှုံးမှုအာမခံပေးသည့် စနစ်ကို ဖော် ဆောင်နိုင်မည့် ဘဏ်စနစ်ကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိအစိုးရပိုင်မြန်မာ့စီးပွားရေးဘဏ် ကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အထောက်အအူပြုသည့် ဘဏ်အဖြစ် ဆောင်ရွက်ရန် ရည်ရွယ်ထား ကြောင်း ၀န်ကြီးက ပြောသည်။ “အခုခေတ်စားနေတဲ့ 2 step loan နဲ့ ချေးမှာ ဖြစ်ပါတယ်။ ပြည်ပမှာ ချေးရင် ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းလောက် ရှိတယ်။ ၀န်ဆောင်မှုအတွက် ထည့်ပေါင်းရင် ၈ ရာခိုင်နှုန်းလောက် ရှိလာမှာပါ။ ဒါကလည်း ၁၃ ရာခိုင်နှုန်းနဲ့ ယှဉ်ရင်တော့ သက်သာပါတယ်။ ဒါကို အခုစလုပ်မှာ ဖြစ်ပါတယ်။ ပြည်တွင်းဘဏ်တွေမှာ ၁၃ ရာခိုင်နှုန်းနဲ့ ပိုင်ဆိုင်မှုရှိမှ ချေးတာ ဖြစ်ပါတယ်” ဟု ၀န်ကြီးက ပြောသည်။

Leave a Reply

Top