You are here
Home > Business News > အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်းပြပွဲ ကျင်းပမည်

အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်းပြပွဲ ကျင်းပမည်

လူအများစိတ်ဝင်စားနေသော တန်ဖိုးနည်းတိုက်ခန်းများ အပါအ၀င် အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများ အထိ ပါဝင်ပြသမည်ဖြစ်သော အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်းများပြပွဲ (House and Lifestyle Expo 2017) ကို ဇွန်လ ၂၃ ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့အထိ ရန်ကုန်မြို့ရှိ MCC ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း ဇွန်လ ၉ ရက်နေ့တွင် ကျင်းပခွဲသော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ပြည်သူများ နှစ်ရှည်အရစ်ကျငွေချေးစနစ်ဖြင့် အိမ်ရာဝယ်ယူနိုင်ကြောင်း ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ အဆိုပါပြပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယင်းပြပွဲတွင် House.com.mm နှင့်အတူ မိတ်ဖက်များအဖြစ် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ Bath & Kitchen၊ ကံဘဲ့တာဝါ၊ ဗိုလ်ပုဂံဆောက်လုပ်ရေး၊ ထွန်းဆောက်လုပ်ရေး၊ Global World Insurance အပါအ၀င် အခြားဆောက်လုပ်ရေးလုပ်ငန်းများ၊ လူသုံး ကုန်ပစ္စည်းများ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။ “House.com.mm အနေနဲ့ မြန်မာနိုင်ငံမှာ အောင်မြင် တဲ့ပြပွဲပေါင်းများစွာကို စီစဉ်ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးတန်ဖိုးနည်း အိမ်ရာပြပွဲကို လည်း ဆောက်လုပ်ရေးဘဏ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့နဲ့အတူ ပူးတွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။ ယခုတစ် ကြိမ်ပြပွဲမှာလည်းကျွန်တော်တို့ရဲ့ သီးသန့်ကမ်းလှမ်းမှုတွေ၊ အထူးလျှော့ဈေးတွေနဲ့ စိတ်လှုပ်ရှားစရာဈေးနှုန်း တွေကို ကျွန်တော်တို့ရဲ့ ပါတနာတွေဆီကနေ ရရှိနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်မိုးအောက်မှာ အယုံကြည်နိုင် လောက်တဲ့ အထူးအခွင့်အရေးတွေ ရရှိနိုင်ဖို့ ဒီအိမ်ခြံမြေပြပွဲကိုလာဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ပြောသည်။
အထက်ပါ အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်းပြပွဲတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် မှ တန်ဖိုးနည်းတိုက်ခန်းများအား အရစ်ကျချေးငွေဖြင့် ၀ယ်ယူနိုင်မည့် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ပေး ခြင်း၊ ၎င်းတို့၏ ၀န်ဆောင်မှုများကို ရှင်းလင်းဖြေကြားပေးခြင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ် ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၎င်းတို့ဆောက်လုပ်ပြီးစီးခဲ့သည့် အိမ်ရာများအကြောင်း၊ ဆောက်လုပ်ဆဲဖြစ်သော အိမ်ရာများအကြောင်းနှင့် ဆောက်လုပ်မည့်အိမ်ရာများအကြောင်းကို ရှင်းလင်းတင်ပြမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီများမှ ၎င်းတို့ဆောက်လုပ်ထားသော အိမ်ရာများကို လျှော့ဈေးဖြင့် ရောင်းချမည် ဖြစ်ကြောင်းနှင့် ပြပွဲသို့ လာရောက်သူများကို ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်များအပြင် တန်ဖိုးနည်းအိမ် ရာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Top