You are here
Home > Business News > ရှယ်ယာဈေးနှုန်း ကျဆင်းသော်လည်း အရောင်းအ၀ယ်မြင့်တက်

ရှယ်ယာဈေးနှုန်း ကျဆင်းသော်လည်း အရောင်းအ၀ယ်မြင့်တက်

ရန်ကုန်စတော့ရှယ်ယာ ဈေးကွက်အတွင်း ရှယ်ယာဈေးနှုန်းများ ဆက်လက်ကျဆင်းနေသော်လည်း ရှယ်ယာအရောင်းအ၀ယ်ဈေးကွက် ပြန်လည်မြင့်တက်လာသော စတော့ရှယ်ယာ ရောင်းဝယ်သူများထံမှ သိရသည်။
ရှယ်ယာဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် ရှယ်ယာဝယ်ယူစုဆောင်းနေသူများအတွက် သင့်တော် တဲ့အနေအထားရှိနေသည်ဟု ရှယ်ယာဈေးကွက် ကျွမ်းကျင်သူများက ပြောသည်။ “ဇွန်လ ၁၃ ရက်နေ့မှာ ရန်ကုန်စတော့ ရှယ်ယာဈေးကွက်ထဲမှာ FMI ရှယ်ယာ တစ်စုကို ကျပ် ၁၅၀၀၀ ပေါက်ဈေးရှိနေတယ်။ အစု ရှယ်ယာ ၃၀၀၀ ကျော် အရောင်းအ၀ယ်ဖြစ်တယ်။ သီလ၀ါရှယ်ယာဈေးကတော့ ကျပ် ၃၇၅၀ ပေါက်ဈေးရှိနေပြီး အစုရှယ်ယာ ၃၀၀၀ နီးပါး အရောင်းအ၀ယ်ဖြစ်နေတယ်။ ဘဏ်နှစ်ခုရဲ့ ရှယ်ယာပေါက် ဈေးက အတက်အကျမရှိဘဲ ပုံမှန်အတိုင်းသာ အရောင်းအ၀ယ်ဖြစ်နေတယ်။ မြန်မာနိုင်ငံသားများဘဏ်ရှယ် ယာပေါက်ဈေးက ကျပ် ၉၂၀၀ ဖြစ်ပြီး ပထမ ပုဂ္ဂလိက ဘဏ်ရှယ်ယာပေါက်ဈေးက ကျပ် ၂၇၀၀၀ ဖြစ်ပါတယ်” ဟု ရန်ကုန်စတော့ ရှယ်ယာဈေးကွက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Top