You are here
Home > Business News > ရန်ကုန် – မန္တလေးရထားလမ်း အဆင့်မြှင့်တင်မည်

ရန်ကုန် – မန္တလေးရထားလမ်း အဆင့်မြှင့်တင်မည်

ရထားလမ်းအရှည် ၃၈၅ မိုင်ကျော်ရှိသော ရန်ကုန် – မန္တလေးရထားလမ်း အဆင့်မြှင့်တင်မှုလုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဟု မြန်မာ့မီးရထား (အထက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးမျိုးဝင်းက ပြောသည်။
ရန်ကုန် – မန္တလေးရထားလမ်းအဆင့်မြှင့်တင်မှုလုပ်ငန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းကို ၂၀၁၇ ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိ ဆောင်ရွက်မည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ ချေးငွေယန်း ၂၇၁.၆၄ ဘီလီယံနှင့် မြန်မာအစိုးရမှ ကျပ် ၄၂၈ ဘီလီယံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းက နှစ် ပေါင်း ၅၀ ကျော် ကြာမြင့်နေပါပြီ။ ဒါကြောင့် ကျွန်တော်တို့ သုံးနေတဲ့ လမ်းတွေ၊ တံတားတွေ၊ အချက်ပြနဲ့ ဆက်သွယ်ရေး ကိရိယာတွေ ဟောင်းနွမ်းပျက်စီးနေပါပြီ။ အဲဒါကို မွမ်းမံပြင်ဆင်မယ်။ ခေတ်မီကိရိယာတွေ အစားထိုးမယ်။ စီမံကိန်းကိုတော့ ၂၀၁၈ လောက်မှာ စနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနှစ်ထဲမှာတော့ ကွင်းဆင်းလေ့လာစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန် – မန္တလေးရထားအမြန်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၆၀ ရာခိုင်နှုန်းသာ မောင်းနှင်နိုင်သော်လည်း စီမံကိန်းပြီးစီးပါက တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်းဖြင့် တိုးမြှင့် မောင်းနှင်နိုင် မည်ဖြစ်ကြောင်း ၎င်း၏ပြောကြားချက်များအရ သိရသည်။

Leave a Reply

Top