You are here
Home > Car News > ၉၅ မော်ဒယ်အောက် ဘတ်စ်ကားများကို ကားသစ်များဖြင့် အစားထိုးလဲလှယ်မည်

၉၅ မော်ဒယ်အောက် ဘတ်စ်ကားများကို ကားသစ်များဖြင့် အစားထိုးလဲလှယ်မည်

၁၉၉၅ မော်ဒယ်အောက်ဘတ်စ်ကားများကို လာမည့် ဇွန်လ ၂၀ ရက်နေ့တွင် နောက်ဆုံးထားဖယ်ရှားမည်ဖြစ်ပြီး ယင်းကားများကို ၂၀၁၇ ခုနှစ်ထုတ် ကားသစ်များဖြင့် အစားထိုးလဲလှယ်ပေးရန် စီစဉ်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ဒေါက်တာ မောင်အောင်က ပြောသည်။
၁၉၉၅ မော်ဒယ်ကားဟောင်းများအစား ၂၀၁၇ ခုနှစ်ထုတ် Yutong နှင့် ANKAI ကားသစ်များဖြင့် အစားထိုးလဲလှယ်ပေးသွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းကိုဆောင်ရွက်နိုင်ရန် အတွက် လက်ရှိတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဘတ်စ်ကားသစ် အစီး ၃၅၀ ရောက်ရှိနေပြီ ဟု ၎င်းက ပြောသည်။ “ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ၉၅ အောက်ဘတ်စ်ကားအားလုံး ဖယ်ရမှာပါ။ အဲဒီနေရာမှာ အစားထိုးနိုင်ဖို့ Yutong နဲ့ ANKAI တရုတ်ကားသစ်တွေကို အစားထိုးမှာပါ။ လက်ရှိမှာ မှာယူထားတာက ကားအစီးရေ ၁၀၀၀ ကျော် ရှိပါတယ်။ ပထမအသုတ်အနေနဲ့ အစီးရေ ၃၅၀ ကျော် ရောက်ရှိနေပါပြီ။ ဒုတိယအသုတ်နဲ့ တတိယအသုတ်မှာ ယူထားတဲ့ ဘတ်စ်ကားသစ်တွေကလည်း အခုအပတ်မှာ ရောက်ရှိလာမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top