You are here
Home > Business News > ရွှေခွန်ကောက်ခံမှု အဆင်ပြေလာသည်ဟုဆို

ရွှေခွန်ကောက်ခံမှု အဆင်ပြေလာသည်ဟုဆို

အခွန်တံဆိပ်ခေါင်းကို ဇွန်လ ၁ ရက်နေ့မှ စ၍ ထုတ်ဝေခဲ့ခြင်းကြောင့် ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် ရွှေဝယ်ယူသူများထံမှ ရွှေခွန်ကောက်ခံရာတွင် ယခင်ကထက် ပိုမိုအဆင်ပြေလာသည်ဟု ၎င်းက ပြောသည်။
နိုင်ငံအတွင်း ရောင်းချသော ရွှေထည်များကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ အခွန်ဆောင်ရန် သတ်မှတ် ခဲ့သော်လည်း ရွှေဝယ်ယူရာတွင် အသုံးပြုမည့် တံဆိပ်ခေါင်းခွန်ကို ဇွန်လ ၁ ရက်နေ့တွင် စတင် ထုတ်ဝေခဲ့ ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ရွှေခွန်တံဆိပ်ခေါင်းများ စတင်ထုတ်ဝေခြင်းကြောင့် ရွှေဆိုင်များအနေဖြင့် ရွှေဝယ်ယူ သူများထံမှ အခွန်ကောက်ခံရာတွင် ပိုမို အဆင်ပြေလာကြောင်း၊ ရွှေခွန်ဆောင်ရာတွင် ရွှေထည်၊ လက်ဝတ်ရတနာများကို အခွန် ၁ ရာခိုင်နှုန်း၊ အတုံးအခဲ၊ မီးလင်းရွှေနှင့် ရွှေတုံးကို အခွန် ၅ ရာခိုင်နှုန်းပေး ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ “ရွှေလာဝယ်သူတွေကို အခွန်တံဆိပ်ခေါင်း ကပ်ထားတဲ့ ရွှေဝယ် ဘောင်ချာတွေကို မပျောက်ပျက်အောင် သိမ်းဆည်းထားဖို့ မှာကြားနေရပါတယ်။ ရွှေဝယ်ယူသူတွေအနေနဲ့လည်း အခွန်ဆောင်ရာမှာ တံဆိပ်ခေါင်းတွေ ကပ်ပေးတဲ့အတွက် အခွန်ဆောင်ရ တာ ပိုမိုအဆင်ပြေမှုတွေ ရှိလာပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top