You are here
Home > International News > မေလအတွင်း ဗြိတိန်မော်တော်ကားဈေးကွက်၏ ရောင်းအား ၈.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့

မေလအတွင်း ဗြိတိန်မော်တော်ကားဈေးကွက်၏ ရောင်းအား ၈.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့

ပြီးခဲ့သော မေလအတွင်းဗြိတိန်ဈေးကွက်၏ မော်တော်ကားရောင်းချရမှုနှုန်းမှာ လွန်ခဲ့သော နှစ်ကထက် က ၈.၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း ဗြိတိန်မော်တော်ယာဉ် ထုတ်လုပ်ရောင်းချသူများအသင်း (SMMT) မှ ထုတ်ပြန်ကြေညာလိုက်သည်။
SMMT ၏ မှတ်တမ်းအရ မေလအတွင်း ဗြိတိန်အစိုးရထံတွင် ယာဉ်မှတ်ပုံတင်ပြုလုပ်သော မော်တော် ကားသစ်အစီးရေမှာ ၁၈၆.၂၆၅ စီးရှိခဲ့ကြောင်း သိရသည်။ သို့ရာတွင် လောင်စာမဟုတ်ဘဲ အခြားသော စွမ်းအင်ဖြင့် မောင်းနှင်နိုင်သော ကားများ၏ရောင်းအားမှာမူ မေလအတွင်း မြင့်တက်လာခဲ့ပြီး လက်ရှိဈေးကွက် ၏ ၄.၄ ရာခိုင်နှုန်းရှိနေကြောင်းသိရသည်။ တစ်နှစ်အတွင်းရောင်းအားအနေဖြင့်လည်း ၂၀၁၇ ခုနှစ်၊ လက်ရှိ အချိန်အထိ ဗြိတိန်ကားဈေးကွက်အတွင်း ၀ယ်ယူမှုနှုန်းမှာ အစီးရေ ၁.၁ သန်းကျော်ရှိထားပြီး ၂၀၁၆ ခုနှစ်၊ မေလကုန်ဆုံးချိန်ကထက် ၀.၆ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်းသိရသည်။
သို့ရာတွင် နောက်ဆုံးထွက်ရှိလာသော နည်းပညာမြင့်မော်တော်ကားများကြောင့် ဗြိတိန်ကားဈေး ကွက်မှာ မြင့်မားသောအဆင့်တွင် ရပ်တည်နေဆဲဖြစ်ကြောင်း SMMT ၏အမှုဆောင်အရာရှိချုပ် Mike Hawes က ပြောကြားခဲ့သည်။ ၎င်းက “ဗြိတိန်ဈေးကွက်ထဲမှာ ကားဝယ်လို အားကျနေပေမယ့် ဒီနွေရာသီရဲ့ ကားသစ်တွေထဲမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုအနည်းဆုံးကားတွေ၊ နည်ပညာသုံးကားတွေ အများအပြားပါဝင်လာပါတယ်” ဟု ဆိုခဲ့သည်။

Leave a Reply

Top