You are here
Home > Business News > ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၀ သန်းကျော်ရရှိ

ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၀ သန်းကျော်ရရှိ

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၏ ၂ လကျော် ကာလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၀ သန်းကျော် ရရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၉ သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။
ယခု ဘဏ္ဍာရေးနှစ်၏ မေလ ၁၉ ရက်နေ့အထိ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၀.၀၉၈ သန်း ရရှိထားကြောင်း၊ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် အလားတူကာလ၌ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၀.၁၉၉ သန်းသာ ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ “ဒီနှစ်ရဲ့ ၂ လ အတွင်းမှာ ၉ သန်းကျော်ဖိုးလောက် ပိုမို တင်ပို့နိုင်ခဲ့တယ်။ ကျောက်မျက်ပွဲတွေရှိမှပဲ ကျောက်စိမ်းတွေအရောင်းအ၀ယ် ပိုဖြစ်တာပါ။ မတ်လထဲမှာ ကျောက်မျက်ပြပွဲ ကျင်းပနိုင်ခဲ့တဲ့အတွက် ဒီနှစ်ထဲမှာ ကျောက်စိမ်းတင်ပို့မှုပိုမိုများပြားလာတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top