You are here
Home > Business News > အာရပ်နိုင်ငံများ၏အဆက်အသွယ်ဖြတ်တောက်မှုကြောင့် ကာတစီးပွားရေးအခက်ကြုံတွေ့နိုင်

အာရပ်နိုင်ငံများ၏အဆက်အသွယ်ဖြတ်တောက်မှုကြောင့် ကာတစီးပွားရေးအခက်ကြုံတွေ့နိုင်

အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ကူညီနေသည်ဆိုသော စွပ်စွဲချက်ဖြင့် အိမ်နီးချင်း အာရပ်နိုင်ငံများဖြစ်သော ဆော်ဒီ၊ အီဂျစ်၊ ဘာရိန်း၊ ယူအေအီး၊ လစ်ဗျား၊ ယီမင်နှင့် မော်လ်ဒိုက်နိုင်ငံတို့၏ အဆက်အသွယ်ဖြတ်တောက်မှုကို ခံယူထားရသော ကာတာနိုင်ငံအနေဖြင့် စီးပွားရေး ကဏ္ဍမျိုးစုံတွင် အကျပ်အတည်းများကြုံတွေ့လာရဖွယ်ရှိကြောင်း သိရသည်။
အထူးသဖြင့် လူဦးရေ ၂.၇ သန်းလာရှိသော ကာတာနိုင်ငံအနေဖြင့် စားသောက်ကုန်ထုတ်လုပ်မှု၊ လေကြောင်းပျံသန်းမှု ခရီးစဉ်များနှင့် ဘောလုံးစီွး့ားရေးစသည်တို့တွင် အဓိက ထိုက်မှုများကြုံတွေ့ဖွယ်ရှိနေပြီးဖြစ်သည်။ ကာတာ၏အဓိက စီးပွားရေး အမှတ်တံဆိပ်များမှာ ကာတလေကြောင်းလိုင်း၊ အယ်ဂျာဇီးယားနိုင်ငံတကာသတင်းဌာနတို့ ဖြစ်ကြပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကို လက်ခံကျင်းပရမည့် အိမ်ရှင်အခွင့်အရေးကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ယခုကဲ့သို့ အာရပ်နိုင်ငံများ၏ အဆက်အသွယ်ဖြတ်တောက်မှုခံရခြင်းက အဆိုပါ အခွင့်အရေးများကိုပါ ထိခိုက်လာနိုင်ကြောင်း ဘီဘီစီ သတင်းဌာနမှ ဖော်ပြထားသည်။ လက်ရှိအချိန်တွင် ယူအေအီးလေကြောင်းလိုင်းများဖြစ်သော Etihand နှင့် Emirates လေကြောင်းလိုင်းများမှာ ကာတာခရီးစဉ်များကို ရပ်ဆိုင်းထားသလို ယင်းနိုင်ငံများတွင် အလုပ်လုပ် နေသောကာတာနိုင်ငံသားများမှာလည်း ဇာတိသို့ ပြန်ရတော့မည်ဖြစ်သည်။

Leave a Reply

Top