You are here
Home > Business News > သူနာပြုလောက ပြုပြင်ပြောင်းလဲရန်အဆို လွှတ်တော်သို့ တင်သွင်း

သူနာပြုလောက ပြုပြင်ပြောင်းလဲရန်အဆို လွှတ်တော်သို့ တင်သွင်း

ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် အဓိကကျသော သူနာပြုလောကကို ပြုပြင်ပြောင်း လဲပြီး နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပြောင်းလဲရန် အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ဇွန်လ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်
ခဲ့သော ပြည်သူ့လွှတ်တော်သို့ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက အဆိုတင်သွင်းခဲ့သည်။
ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် သူနာပြုလောကကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ရန် အစိုးရကို တိုက်တွန်းသောအဆိုတင်သွင်းမှုသည်ကျန်းမာ ရေးကဏ္ဍအတွက် ကောင်းမွန်သောအဆိုဖြစ်ခြင်းကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအနေဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကူညီသွားမည်ဟု ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့ သည်။ “လက်ရှိဖွဲ့စည်းထားတဲ့ သူနာပြုနဲ့ သားဖွားကောင်စီက သူနာပြုလောကရဲ့ လိုအပ်ချက် တွေကို အမှတ်တကယ်ဖြည့်ဆည်းပေးဖို့အားနည်းနေပါတယ်။ သူနာပြုကောင်စီရဲ့ တာဝန်ယူ မှု၊ တာဝန်ခံမှုအပိုင်းတွေ လိုအပ်နေတယ်။ ဒီမိုကရေစီနည်းလမ်းကျစွာနဲ့ ပိုမိုအားကောင်းတဲ့ တာဝန်ယူမှုတွေ၊ တာဝန်ခံမှုတွေပြည့်ဝတဲ့ သူနာပြုနဲ့ သားဖွားကောင်စီကို အသစ်ပြန်လည်ဖွဲ့ စည်းပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပြီး ပြည်သူ့ကျန်းမာရေးအတွက် အဓိကကျတဲ့ သူနာပြုအခန်းကဏ္ဍကို ပြုပြင်ပြောင်းလဲပေးဖို့လိုပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်အေးမြမြမျိုးက ပြောသည်။
သူနာပြုနှင့် သားဖွားဝန်ထမ်းများအနေဖြင့် ရာထူးတိုးမြှင့်ခံစားနိုင်မည့် အခွင့်အရေးနည်းပါးသည့်အပြင် ကျန်းမာရေးလောကသားအချင်းချင်းကပင် ဖိနှိပ်ချုပ်ချုပ်မှုများ ရှိနေသည်ဟု သူနာပြုတစ်ဦးက ပြောသည်။ “လ၇်ရှိဖွဲ့စည်းထားတဲ့ သူနာပြုနဲ့ သားဖွားကောင်စီက သူနာပြုလောကအပေါ် သက်ရောက်တဲ့ ဖိနှိပ်ချုပ်ချယ် မှုတွေ၊ လောကတူသားတွေအချင်းချင်း၊ ဖိနှိပ်မှုတွေကို မကာကွယ်ပေးနိုင်ဘူး။ ဒါကြောင့် သူနာပြုနဲ့ သားဖွားကောင်စီကို အသစ်ပြန်လည်ဖွဲ့စည်းသင်ပပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top