You are here
Home > Business News > ရန်ကုန်တိုင်းအတွင်း မြေယာပြဿနာဖြေရှင်းမှု အားနည်းနေဟုဆို

ရန်ကုန်တိုင်းအတွင်း မြေယာပြဿနာဖြေရှင်းမှု အားနည်းနေဟုဆို

ရန်ကုန်တိုင်းအတွင်း မြေယာပြသာနာများကို ဖြေရှင်းရာတွင် ပြီးပြတ်သည်အထိ အမှုတွဲမရှိသေးခြင်း ကြောင့် ဖြေရှင်းနိုင်မှုအားနည်းနေသေးသည်ဟု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီအတွင်းရေးမှူး ဦးသန်းမြင့်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာအမှုတွဲပေါင်း ၁၉၀၅ ခု ရှိပြီး တိုင်းအဆင့်တွင် အမှုတွဲပေါင်း ၃၃၇ ခုရှိနေပြီး ဗဟိုအစိုးရအဆင့်သို့ ရောက်ရှိနေသော အမှုတွဲပေါင်း ၉၅ ခုရှိနေကြောင်း၊ သို့ရာတွင် ပြီးပြတ် သည်အထိ ဖြေရှင်းနိုင်သည့်အမှုတွဲ မရှိသေးကြောင်း ၎င်းက ပြောသည်။ “လယ်ယာမြေပြဿနာကို ပြန်လည် စစ်ဆေးပြီး နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ ဗဟိုအစိုးရက ချမှတ်တာ ဖြစ်ပါတယ်။ အမှုတွဲပေါင်း ၅၉ မှု ပေးပို့ ထားပေမယ့် အဲဒီ အမှုထဲမှ ကျွန်တော်တို့ဆီပြန်ကျလာတဲ့ ပြီးပြတ်သွားတဲ့အမှုအခုထိ မရှိသေးပါဘူး” ဟု ၎င်း ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံလယ်ယာမြေပြဿနာများကို ဖြေရှင်းရန် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စစ်ဆေးရေး ကော်မတီကို ၂၀၁၆ ခုနှစ် သြဂုတ်လ၌ စတင်ဖွဲ့စည်းခဲ့ကြောင်းသတင်းများအရ သိရသည်။

Leave a Reply

Top