You are here
Home > Business News > ဖားကန့်ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ်သွက်လာ

ဖားကန့်ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ်သွက်လာ

တရုတ်နိုင်ငံမှ ကျောက်စိမ်းဝယ်လက်များသည် မန္တလေး ကျောက်ဝိုင်းသို့ ဆင်းဝယ်မှုမပြုတော့ဘဲ ဖားကန့်ရှိ မှော်များအတွင်းသို့ တိုက်ရိုက်ဝယ်ယူမှု ပိုမိုများပြားလာသည်ဖြစ်ရာ ဖားကန့် ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ်သွက်နေကြောင်း ကျောက်အရောင်းအ၀ယ်ပြုလုပ်သူများထံမှ သိရသည်။
တရုတ်နိုင်ငံမှလာရောက်ဝယ်ယူသော ကျောက်စိမ်းကုန်သည်များအနေဖြင့် မန္တလေး ကျောက်ဝိုင်းသို့ ဆင်းဝယ်ခြင်းထက် ဖားကန့်မှော်များအတွင်းရှိ ကျောက်စိမ်းဖြတ်သားများနှင့် ရေမဆေးကျောက်ရောင်းဝယ် မှု ပိုမိုများပြားလာကြောင်း ကျောက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးစိုးညွှန့်က ပြောသည်။ “တရုတ်ကုန်သည်တွေက မှောထဲကိုပဲ ဆင်းပြီး ၀ယ်လာကြတယ်။ ဒီမှာက ကျောက်ကို လတ်လတ်ဆတ်ဆတ် ကြည့်ရတယ်။ ဈေးလည်းပိုရတယ်။ ဖားကန့်ကနေ တရုတ်ကို တိုက်ရိုက်သယ်ကြတော့ ပြည်တွင်းဈေးကွက် က ပြတ်တဲ့အနေအထားဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top