You are here
Home > Business News > တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရက်၊ ဘီယာရောင်းချမှုနှုန်း ကျဆင်း

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရက်၊ ဘီယာရောင်းချမှုနှုန်း ကျဆင်း

မကြာသေးခင်က ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရက်၊ ဘီယာသောက်သုံးမှုလျော့နည်းလာပြီး ပြီးခဲ့သော ၂၀၁၆ ခုနှစ်မှ စ၍ အရက်ပါဝင်သော အဖော်ယမကာရောင်း ချရမှုနှုန်း ကျဆင်းလာခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွင်း အရက်ပါဝင်သော အဖျော်ယမကာဈေးကွက်မှာ ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ဘီယာရောင်းအားမှာလည်း ၁.၈ ရာခိုင်းနှုန်းကျဆင်းသွားခဲ့ကြောင်း နိုင်ငံတကာဝိုင်နှင့် ယမကာဈေးကွက် မှတ်တမ်းအဖွဲ့မှ ဖော်ပြသွားခဲ့သည်။ ထို့အပြင် ပန်းသီးဝိုင်းနှင့် အခြားဝိုင်းများရောင်းအားမှာလည်း ယခင်နှစ် များက ဆက်တိုက်မြင့်တက်ခဲ့ပြီး ယခုအခါ ၁.၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း သိရသည်။ တစ်နည်းအားဖြင့် အရက်ပါဝင်သော အဖော်ယမကာအားလုံး၏ ရောင်းအားမှာ ပျမ်းမျှအားဖြင့် ပြီးခဲ့သော ၅ နှစ်အတွင်း ၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကမူ ၂၀၁၆ ခုနှသ်အတွင်း တစ်ကမ္ဘာလုံး၏ GDP ထုတ်လုပ်မှုမှာ ၃.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တရုတ်၊ ရုရှားနှင့် ဘရာဇီးစသည့် အဓိကစီးပွားရေးဈေးကွက် နိုင်ငံများတွင် အရက်ဝယ်ယူမှုနှုန်းမြင့်မားခြင်းကြောင့်လည်း ပါဝင်ကြောင်း ဖော်ပြထားသည်။

Leave a Reply

Top