You are here
Home > Business News > ခရီးသည် ပိုမိုဝင်ရောက်လာရေး ဈေးကွက်မြှင့်တင်မည်

ခရီးသည် ပိုမိုဝင်ရောက်လာရေး ဈေးကွက်မြှင့်တင်မည်

နိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသည်များ ပိုမိုလာရောက်စေရန်အတွက် Green Season Program အရ နိုင်ငံတစ်ဝန်းရှိ ခရီးသည်ဒေသ ၇ ခုကို ဈေးကွက်မြှင့်တင်သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင့်သွင်က ပြောသည်။
Green Season Progran အရ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ချောင်းသာ၊ ငွေဆောင်နှင့် ငပလီကမ်းခြေစသည့် ခရီးစဉ်ေးသ ၇ ခုကို အဓိကထား၍ ဈေးကွက်မြှင့်တင်ရာတွင် ဟိုတယ်အခန်းခများ လျှော့ပေးခြင်း၊ လကြောင်းလိုင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ လျှော့ပေးခြင်း စသည့် ၀န်ဆောင်မှု များကို စီစဉ်လျက်ရှိသော်လည်း ညှိနှိုင်းဆဲသာ ရှိနေသေးခြင်းကြောင်း တရားဝင်ကြေညာနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။ “မိုးရာသီမှာ ကမ္ဘာလှည့်ခရီးသွားဧည့်သည် လာရောက်မှုနည်းပါးတဲ့အတွက် Green Seaon အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပြီး ဒေသ ၇ ခုကို ဈေးကွက်မြှင့်တင်ရာမှာလည်း အမေရိကန်၊ ဥရောပ၊ ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတွေကို အဓိကထားပြီးပြုလုပ်သွားမှာပါ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသည်ဝင်ရောက်မှုသည် ၂၀၁၅ ခုနှစ်တွင် ၄.၀၆ သန်း ၂၀၁၆ ခုနှစ် တွင် ၂.၉ သန်းသာ ၀င်ရောက်ခဲ့ခြင်းကြောင့် ယခုနှစ်တွင် ခရီးသွားဧည့်သည် ပိုမိုဝင်ရောက်လာစေရန် Green Season အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

Leave a Reply

Top