You are here
Home > Business News > ရန်ကုန်မြို့ရေကြီးရေလျှံမှု လျော့နည်းစေရေး ရေမြောင်းအတွင်းရှိ အမှိုက်များကို ရှင်း မည်ဟု မြို့တော်ဝန်ပြော

ရန်ကုန်မြို့ရေကြီးရေလျှံမှု လျော့နည်းစေရေး ရေမြောင်းအတွင်းရှိ အမှိုက်များကို ရှင်း မည်ဟု မြို့တော်ဝန်ပြော

မိုးရာသီအတွင်း ရန်ကုန်မြို့အတွင်း ရေကြီးရေလျှံမှုလျှော့နည်းစေရန်အတွက် ရေမြောင်းများထဲမှာ အမှိုက်များရှင်းလင်းမှုကို ဦးစားပေးလုပ်ဆောင်မည်ဟု ရန်ကုန်မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုးက ပြောသည်။
ရန်ကုန်မြို့၌ ဇွန်လ ၄ ရက်နေ့တွင် ၂ နာရီအတွင်း မိုးရေချိန် ၄ လက်မအထိ ရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီအနေဖြင့် ကမ္ဘာ့ဘဏ်မှ ရယူထားသော ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်းဖြင့် ရေမြောင်း၊ လူသွားလမ်း ပလက်ဖောင်းချဲ့ထွင်မှု လုပ်ငန်းနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများထဲမှ အမှိုက်ရှင်းလင်းမှုများကို ယခုနှစ်မှ စတင်၍ တိုးချဲ့ပြုလုပ်သွားမည်ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။ “ရန်ကုန်မြို့မှာရှိတဲ့ ရေမြောင်းတွေကို တည်ဆောက်စဉ်တုန်းက လူဦးရေ ၄၀၀၀၀ နဲ့ နှစ်ထပ်တိုက်တွေအတွက်ပဲ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့က အထပ်မြင့်အဆောက် အဦးက အများအပြားနဲ့ လူဦးရေး ၆ သန်းနီးပါးအထိ တိုးတက်လာတဲ့အတွက် မမျှတတော့ဘဲ ရေမြောင်းပိတ်ဆို့မှုတွေ၊ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလာတာပါ။ ဒါကြောင့် ဒီနှစ်ထဲမှာ ရေစုကန်တွေကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်မှာပါ။ ရေစီးရေလာကောင်းမွန် စေရေးနဲ့ ရေကြီးရေလျှံမှု မဖြစ်ပွားစေရေးအတွက် အတတ်နိုင်ဆုံးဆောင်ရွက်သွားမယ်” ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။

Leave a Reply

Top