You are here
Home > Business News > ဓာတ်ခွဲခန်းဥပဒေကြမ်း အပြီးသတ်နိုင်တော့မည်ဟုဆို

ဓာတ်ခွဲခန်းဥပဒေကြမ်း အပြီးသတ်နိုင်တော့မည်ဟုဆို

အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်နှင့် လူသုံးကန်ုများကို စစ်ဆေးပေးမည့် ဓာတ်ခွဲခန်းဆိုင်ရာ ဥပဒေမှုကြမ်းကို ရေးဆွဲလျက်ရှိရာတွင် ယခုဇွန်လအကုန် ၌ အပြီးသတ်နိုင်တော့မည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ချစ်က ပြောသည်။
ဓာတ်ခွဲခန်းဆိုင်ရာ ဥပဒေမှုကြမ်းကို ရေးဆွဲရခြင်းမှာ ပြည်တွင်းဓာတ်ခွဲခန်းများခေတ်မီ ပြီး စနစ်တကျပေါ်ပေါက်လာစေရန် အစားအသောက်၊ ဆေးဝါး၊ အလှကုန်များနှင့် လူသုံးကုန်များ စစ်ဆေးရာ၌ တိကျသေချာသော ဓာတ်ခွဲခန်းအဖြေများ ထွက်ပေါ်လာစေရန် လုံခြုံစိတ်ချရသော အစားအသောက်များ ဖြစ်ပေါ်လာစေရန်နှင့် ဓာတ်ခွဲခန်းမှတ်ပုံတင်စနစ် ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ရေးဆွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “အစားအသောက်တွေကို စစ်ဆေးပေးနေတဲ့ ဓာတ်ခွဲခန်းပေါင်း ၁၈ ခု ရှိပါတယ်။ တိုင်းဒေသ ကြီး ၁၂ ခုအတွက် ဒီနှစ်ထဲမှာ ဓာတ်ခွဲခန်းတွေ ဆောက်လုပ်ဖို့ ရှိပါတယ်။ ပြည်တွင်းမှာရှိတဲ့ ၁၄ ခရိုင်မှာတော့ နောက်နှစ်တွေမှာ ဓာတ်ခွဲခန်းတွေ ဆောက်လုပ်သွားဖို့ ရှိပါတယ်” ဟု ဒေါ်ခင်ချစ်က ပြောသည်။

Leave a Reply

Top