You are here
Home > Business News > တတိယအကြိမ်မြောက် မြန်မာ့အိမ်ခြံမြေဆုပေးပွဲ ကျင်းပမည်

တတိယအကြိမ်မြောက် မြန်မာ့အိမ်ခြံမြေဆုပေးပွဲ ကျင်းပမည်

မြန်မာနိုင်ငံအတွင်း တတိယအကြိမ်မြောက် မြန်မာ့အိမ်ခြံမြေဆုပေးပွဲကို အာရှအိမ်ခြံ မြေဆောက်လုပ်ရေးဆိုင်ရာ ဆုပေးပွဲများ ကျင်းပလျက်ရှိသော Property Guru မှ ကြီးမှူး၍ လာမည့် ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ်မြောက် မြန်မာ့အိမ်ခြံမြေဆုပေးပွဲတွင် အိမ်ခြံမြေဆိုင်ရာဆုပေါင်း ၁၈ မျိုးပေးသွားမည်ဖြစ်ပြီး ဆန်ကာတင်စာရင်းတွင် ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၁၂ ခုပါရှိကြောင်း Property Guru မှ ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာ တယ်ရီဘလက်ဘန်းက ပြောသည်။ “ဒီနှစ်မြန်မာ့ အိမ်ခြံမြေဆုပေးပွဲမှာ ကုမ္ပဏီပေါင်း ၂၀ ခန့် ၀င်ရောက်ယှဉ်ပြိုင်ပါ တယ်။ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ကုမ္ပဏီတွေထဲက ဆန်ကာတင်ကုမ္ပဏီကို ရွေးချယ်ထားပါ တယ်။ နောက်ဆုံးအဆင့် ဆုရတဲ့ကုမ္ပဏီတွေကိုတော့ စင်္ကာပူမှာ ကျင်းပတဲ့ အာရှအိမ်ခြံမြေ ဆုပေးပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဆုပေးပွဲအတွက် ယှဉ်ပြိုင်သူတွေကို ရွေးချယ်ရာမှာ ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံးစာရင်းစစ်နဲ့ စာရင်းကိုင်ကုမ္ပဏီဖြစ်တဲ့ BDO ရဲ့ ကြီး ကြပ်မှုတွေနဲ့ ၆ လအတွင်းမှာ ဆန်ကာတင်စာရင်းကို ပြုလုပ်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်အဖွဲ့က နောက်ဆုံးအဆင့်ဆန်ကာတင်ကို ကြေညာပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top