You are here
Home > Business News > SMEs လုပ်ငန်းများအတွက် ကျပ် ၈ ဘီလီယံကျော် ထုတ်ချေးမည်

SMEs လုပ်ငန်းများအတွက် ကျပ် ၈ ဘီလီယံကျော် ထုတ်ချေးမည်

နိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စား (SMEs) လုပ်ငန်းများလုပ်ကိုရန်အတွက် မြန်မာကျပ်ငွေ ၈ ဘီလီယံကျော်ကို ထုတ်ချေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မျိုးက အမျိုးသားလွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။
နိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများကို အထောက်အပံ့ပေးနိုင် ရန်အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထျွံ ချေးငွေ ဂျပန်ယန်း ၅ ဘီလီယံ (မြန်မာကျပ် ၅၀ ဘီလီယံခန့်) ရရှိခဲ့၍ ယင်းအနက် မြန်မာကျပ် ၄၁.၅၅၈ ဘီလီယံကို တိုင်း/ပြည်နယ် ၁၀ ခုရှိ လုပ်ငန်းရှင် ၁၈၆ ဦးကို ထုတ်ချေးခဲ့ပြီး ကျန်ရှိနေ သော ၈.၄၄၂ ဘီလီယံကို ဆက်လက်ထုတ်ချေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအတွက် ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနဲ့ အလတ်စားစက်မှုဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမ၀ါယမဘဏ်နဲ့ မြန်မာ့ရှေ့ ဆောင်ဘဏ်တို့ကတစ်ဆင့် ငွေထုတ်ချေးပေးနေပါတယ်။ SMEs လုပ်ငန်းတွေအနေနဲ့ သက်ဆိုင်ရာဘဏ်ကို တိုက်ရိုက်လျှောက်လွှာတင်ရမှာပါ။ ဘဏ်ရဲ့ Board of Director အဖွဲ့က စိစစ်ငွေထုတ်ချေးခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top