You are here
Home > Business News > HAGL နှင့် City Mart တို့ ပူးပေါင်း၍ ဈေးဝယ်စင်တာ ဆောက်လုပ်မည်

HAGL နှင့် City Mart တို့ ပူးပေါင်း၍ ဈေးဝယ်စင်တာ ဆောက်လုပ်မည်

ဗီယက်နမ်အခြေစိုက် HAGL နှင့် ပြည်တွင်းအခြေစိုက် City Mart ကုမ္ပဏီတို့ပူးပေါင်း၍ မြန်မာပလာဇာအနီး၌ အဆင့်မြင့်ဈေးဝယ်စင်တာတစ်ခုဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
HAGL နှင့် City Mart တို့ ပူးပေါင်း၍ ပထမစီမံကိန်းအဖြစ် ၂၀၁၅ ခုနှစ်တွင် Myanmar Plaza? Myanmar Center နှင့် MELIA ဟိုတယ်တို့ကို ဆောက်လုပ်ခဲ့ပြီး ဒုတိယစီမံကိန်း အဖြစ် Ocean Super Center ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယခုဆောက်လုပ်မည့် စီမံကိန်းတွင် ရုပ်ရှင်ရုံ၊ ကလေးကစားကွင်း၊ အပန်းဖြေနေရာများ ထည့်သွင်းတည်ဆောက်မည် ဖြစ်ပြီး ရုံးခန်းတာဝါအဆောက်အအုံ ၂ လုံး၊ ရှော့ပင်းစင်တာတစ်ခု၊ အခန်းပေါင်း ၃၆၀ ပါဝင်သော တိုက်ခန်းအဆောက်အအုံ ၁ လုံး၊ အဆင့်မြင့်အိမ်ရာ ၃ လုံး တည်ဆောက်သွား မည်ဖြစ်ကြောင်း City Mart ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Top