You are here
Home > Business News > နိုင်ငံအတွင်း ပြည်သူ့အိမ်ရာနှင့် အငှားအိမ်ရာများ တည်ဆောက်မည်ဟုဆို

နိုင်ငံအတွင်း ပြည်သူ့အိမ်ရာနှင့် အငှားအိမ်ရာများ တည်ဆောက်မည်ဟုဆို

အစိုးရ၏ ဦးဆောင်မှုဖြင့် နိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းများတွင် ပြည်သူ့အိမ်ရာနှင့် အငှားအိမ်ရာများကို ယခုနှစ်အတွင်း စတင်အကောင်အထည်ဖော်ဆောက်လုပ်သွားမည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်းများအသင်း တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။
ပြည်သူ့အိမ်ရာနှင့် အငှားအိမ်ရာများ ဆောက်လုပ်ရန်အတွက် အစိုးရ၀န်ထမ်းများအရေ အတွက်နှင့် ၀ယ်ယူလိုသည့် မြို့နယ်များကို စာရင်းကောက်ယူလျက်ရှိရာတွင် လက်ရှိအချိန်၌ စာရင်း ကောက်ယူမှုထက်ဝက်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ “ပြည်သူ့အိမ်ရာ လို့ အမည်ပေးထားတဲ့ တန်ဖိုးသင့် အိမ်ရာကို အစိုးရနဲ့ ကျွန်တော်တို့အသင်းက ပူးပေါင်းပြီး ယခုနှစ်အတွင်း စတင်ဆောက်လုပ်မှာ ဖြစ်ပါတယ်။ ပြည်သူ့အိမ်ရာ တည်ဆောက်ဖို့အတွက် ပထမအဆင့်အနေနဲ့ ပင်စင်ယူတော့မယ့်ဝန်ထမ်းတွေကို စာရင်းကောက်ယူနေပါတယ်။ ၀န်ထမ်းတွေအနေနဲ့ ဘယ်နေရာမှာ အိမ်ဝယ်ချင်သလဲဆိုတာကို အဓိက ထားစရာင်းကောက်ယူနေပါတယ်။ ရလာတဲ့ရလဒ်ကို ပြည်ထောင်စု အစိုးရက တိုင်းဒေသကြီးအစိုးရနဲ့ ပြည်ညှိပြီး ဆောက်ရွက်မှာ ဖြစ်ပါတယ်။ အိမ်ရာတွေကို အကောင်အထည်ဖော်ဖို့ ရောင်းချဖို့ကို အစိုးရက တာဝန်ယူရမှာပါ။ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းအနေနဲ့က ဆောက်လုပ်ရေးပိုင်းကို တာဝန်ယူမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top