You are here
Home > Business News > နိုင်ငံတစ်ဝန်းရှိ ဟိုတယ်အခန်းခများ ထက်ဝက်ခန့်လျှော့ချမည်

နိုင်ငံတစ်ဝန်းရှိ ဟိုတယ်အခန်းခများ ထက်ဝက်ခန့်လျှော့ချမည်

မိုးရာသီကာလ၌ နိုင်ငံတစ်ဝန်းရှိဟိုတယ်များတွင် ခရီးသည်ဝင်ရောက်မှု မြင့်တက်လာ စေရန်အတွက် ဇွန်လမှစတင်၍ နိုင်ငံအတွင်းရှိ ဟိုတယ်အားလုံးနီးပါးတွင် ၅၀ ရာခိုင်နှုန်းခန့် ဈေးနှုန်းလျှော့ချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းရွှေက ပြောသည်။
မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းအနေဖြင့် Green Season ကာလတွင် နိုင်ငံ တစ်ဝန်းရှိ ဟိုတယ်များ၏ တည်းခိုခလျှော့ချမည့်နှုန်းထားကို တောင်းခံထားပြီး အချက်အလက်များ အားလုံးကို စုစည်း၍ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များ သိရှိစေရန် သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “မြန်မာနိုင်ငံမှာ ဒီလိုရာသီဆိုရင် ပုံမှန်ဈေးလျှော့ပေးနေကြပါပဲ။ အထူးအစီအစဉ် အနေနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေက ၅၀ ရာခိုင်နှုန်းလောက် လျှော့ချပေးဖို့ စီစဉ်ထားတယ်။ ဟိုတယ်ဇုန်အားလုံးကို လျှော့ချပေးမယ့် ဈေးနှုန်းတွေ တောင်းထားပါတယ်။ လျှော့ချပေးမယ့် ဈေးနှုန်းအားလုံးကို စုစည်းပြီးတော့ လာမယ့် ဇွန်လထဲမှာ ၀က်ဘ်ဆိုက်ကို တင်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်က တစ်ကမ္ဘာလုံးကို သိအောင် ကြေညာပေးမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top