You are here
Home > Business News > မြန်မာ့ အာမခံလုပ်ငန်းတွင် ကနေဒါ အခြေစိုက်ကုမ္ပဏီမှ ၀င်ရောက်ရင်းနှီးမြှုပ်နှံမည်

မြန်မာ့ အာမခံလုပ်ငန်းတွင် ကနေဒါ အခြေစိုက်ကုမ္ပဏီမှ ၀င်ရောက်ရင်းနှီးမြှုပ်နှံမည်

မြန်မာ့အာမခံလုပ်ငန်းတွင် နိုင်ငံတကာအမခံလုပ်ငန်းများ၌ လုပ်ကိုင်ဆောင်ရွက်နေ သော ကနေဒါအခြေစိုက် Manu Life ကုမ္ပဏီအနေဖြင့် ၀င်ရောက်ရင်းနှီးလုပ်ကိုင်သွားမည် ဖြစ်ကြောင်း Manu Life Asia ၏ အကြီးအကဲ Mr.Naidoo က ပြောသည်။
မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် လက်ရှိတွင် စောင့်ဆိုင်းနေပြီး နိုင်ငံခြား ကုမ္ပဏီများကို လုပ်ငန်းလိုင်စင်များ ထပ်မံခွင့်ပြုပါက ၀င်ရောက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ကျွန်တော်တို့အနေနဲ့ မြန်မာ အစိုးရနဲ့ နီးနီးကပ်ကပ်လုပ်ဆောင်နေပါတယ်။ မြန်မာ့အာမခံလုပ်ငန်းရဲ့ ဖြေလျှော့ပေးမှုနဲ့ သက်ဆိုင်တဲ့ လမ်းပြမြေပုံ Road Map ထုတ်ပြန်ဖို့ကိုလည်း စောင့်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့က ၂၀၁၄ ခုနှစ်ကတည်းကစပြီး မြန်မာပြည်ထဲကို ၀င်ရောက်လာတာပါ။ ၀င်ရောက်ပြီး ရုံးခန်းဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာ့အာမခံလုပ်ငန်းက လုပ်ငန်းစဉ်တွေကို ကြော်ငြာတာနဲ့ တရား ၀င်လျှောက်ထားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top