You are here
Home > Business News > ဈေးဝယ်စင်တာများ၌ တရားမ၀င်ကုန်ပစ္စည်းများ စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟု ၀န်ကြီးပြော

ဈေးဝယ်စင်တာများ၌ တရားမ၀င်ကုန်ပစ္စည်းများ စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟု ၀န်ကြီးပြော

နိုင်ငံအတွင်းရှိ ဈေးဝယ်စင်တာများနှင့် ကုန်တိုက်များတွင် တရားမ၀င်ကုန်ပစ္စည်းများ ရောင်းချနေမူကို စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျောဝင်းကပြောသည်။
ဈေးဝယ်စင်တာများနှင့် ကုန်တိုက်များတွင် တရားမ၀င်ကုန်းပစ္စည်းများ ရောင်းချနေမှုသည် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးမူအပေါ် အဟန်အတားဖြစ်စေခြင်းကြောင့် တားဆီရခြင်းဖြစ်ကြောင်း တရားမ၀င်ကုန်သွယ်မူ တားဆီးရေးလုပ်ဆောင်ရာတွင် တရားဝင်ကုန်စည် ဖြစ်လာရေး တရားဝင်ကုန်စည်ဖြစ်လာရန် ကုန်သည်နှင့် စီးပွားရေးသမားများကို စည်းရုံး၍ ပြုပြင်ပြောင်းလဲရန် အချိန်တစ်ခုပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။ တရားမ၀င်ကုန်ပစ္စည်းတွေကို စစ်ဆေးတွေ့ရှိရင် အရေးယူသွားမှာပါ။ လက်ရှိမြန်မာကုန်သွယ်ရေးမှာ တရားမ၀င်ကုန်သွယ်ရေးက ၆၀ ရာခိုင်နှန်းကျော်ရှိနေတော့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေအတွက် များစွာထိခိုက်နေလို့ ထိထိရောက်ရောက်ဖြေရှင်းဆောင်ရွက်ပေးမှာပ ဟု ၎င်းကပြောသည်။

Leave a Reply

Top