You are here
Home > Business News > ကော်ဖီစိုက်ပျိုးရန် မြေနေရာယူထားသူအများစုစိုက်ပျိုးမှုမရှိဟုဆို

ကော်ဖီစိုက်ပျိုးရန် မြေနေရာယူထားသူအများစုစိုက်ပျိုးမှုမရှိဟုဆို

မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်အတွင်းကော်ဖီနှင့်နှစ်ရှည်ပင်များစိုက်ပျိုးရန် မြေနေရာယူထားသော်လည်း အမှန်တကယ်စိုက်ပျိုးမူ ရှိမရှိကိုကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အများစိုက်ပျိုးမူမရှိကြောင်း စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကော်ဖီနှင့် နှစ်ရှည်သီးနှံမြေနေရာယူထားပြီး စိုက်ပျိုးမူမရှိကို လွှတ်တော်ကိုယ်စလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းထားသော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ရာတွင် မေလ ၂၁ ရက်နေ့တွင်လုပ်ငန်းပြီးဆုံးခဲ့ကြောင်းနှင့် စစ်ဆေးတွေ့ရှိမူရလဒ်များအရ မြေနေရာယူထားသူ အများစုစိုက်ပျိုးမူ မရှိကြောင်း အစီရင်ခံစာမှာရေး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဟု ၎င်းကပြောသည်။ လက်ရှိမြေပြင်ပေါ်မှာဖြစ်ပေါ်နေတဲ့အတိုင်း မချွင်းမချန်ရေးပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံတင်ပြသွားမှာပါ။ ကော်ဖီစိုက်ပျိုးမယ်ဆိုပြီး ရယူထားတဲ့မြေတွေဟာ စိုက်ပျိုးထားတာကို မတွေ့ရသလောက်ပါပဲ။ အချိုဆိုရင်အကွက်ရိုက်ရောင်းထားတွေလည်း ရှိပါတယ်။ဒါတွေကို လုပ်ထုံးလုပ်နည်းနဲ့ အညီ အမှန်တကယ်စိုက်ပျိုးတဲ့တောင်သူတွေကို လုပ်ကိုင်ခွင့်ပြုမယ်ဆိုရင် စိုက်ပျိုးရေးအားကောင်းလာမယ်အပြင် နိုင်ငံတော်ရဲ့ဝင်ငွေလည်းတိုးတက်လာမှာ ဖြစ်ပါတယ်ဟု ၎င်းကပြောသည်။

Leave a Reply

Top