You are here
Home > Business News > အခွန်ဆောင်ရန် ပျက်ကွက်သောကား ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းမည်

အခွန်ဆောင်ရန် ပျက်ကွက်သောကား ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းမည်

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၃ နှစ်အတွင်း အခွန်ဆောင်ရန် ပျက်ကွက်ခဲ့သော ကားကုမ္ပဏီပေါင်း ၇၀ ကျော်အနက် လာရောက်ဆက်သွယ်ခြင်းလုံးဝမရှိသော ကုမ္ပဏီ ၂၁ ခုကို အမည်ပျက်စာရင်းသွင်းသွားမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၃ နှစ်အတွင်း အခွန်ဆောင်ရန် ပျက်ကွက်နေသော ကားကုမ္ပဏီများကို ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့ပြီး ယခု ဘဏ္ဍာရေးနှစ်အတွင်း လာရောက်ပေးဆောင်ခြင်းမရှိပါက တည်ဆဲဥပဒေများဖြင့် အရေး ယူမည်ဖြစ်ကြောင်း၊ အခွန်မဆောင်ဟု ကြေညာခြင်းခံရသော ကားကုမ္ပဏီအချို့သည် ပိတ်သိမ်းသည်အထိ ရှိနေကြောင်း ၎င်းက ပြောသည်။ “လာရောက်မဆက်သွယ်တဲ့ ကားကုမ္ပဏီအရေအတွက် ၂၀ ကျော်ရှိတယ်။ သူတို့ကို အမည်ပျက်စာရင်းသွင်းဖို့ ၀န်ကြီးရုံးကို တော့ စာပို့ထားပြီးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top