You are here
Home > Business News > ဘုရင့်နောင်ပွဲရုံ မပြောင်းရွှေ့ရေးဆောင်ရွက်မည်ဟု ကုန်စည်ဒိုင်ဥက္ကဋ္ဌပြော

ဘုရင့်နောင်ပွဲရုံ မပြောင်းရွှေ့ရေးဆောင်ရွက်မည်ဟု ကုန်စည်ဒိုင်ဥက္ကဋ္ဌပြော

ဘုရင့်နောင်ပွဲရုံမပြောင်းရွှေ့ရေးအတွက် လိုအပ်ပါက တပ်မတော်နှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တင်ပြသွားမည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်က မေလ ၂၇ ရက်နေ့ တွင် ပွဲရုံပိုင်ရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဘုရင့်နောင်ကုန်စည်ဒိုင်သည် စီးပွားရေးအချက်အချာကျသည့်နေရာတွင် တည်ရှိနေပြီး ကုန်ဈေးနှုန်းအတက်အကျကိုပင် ပြုလုပ်နေသည့်နေရာတစ်ခုဖြစ်ကြောင်း၊ ဘုရင့်နောင်ပွဲရုံမှ ပိုင်ရှင်များသည် နှစ်စဉ်နိုင်ငံတော်သို့ အခွန်ကျပ်သိန်း ၂၄၀၀၀ ခန့် ပေးဆောင်လျက်ရှိကြောင်း ၎င်းက ပြောသည်။ “ဘုရင့်နောင်ပွဲရုံက အခြားဈေးတွေလို မဟုတ်ပါဘူး။ အဆောက်အအုံဆောက်လုပ်မှုတွေ၊ လမ်းပြုပြှုမှုတွေ၊ လျှပ်စစ်မီးတိုင်ပြောင်းလဲမှုတွေ၊ သန့်ရှင်းရေးလုပ်ငန်းတွေကို ကိုယ်ထူကိုယ်ထဆောင်ရွက်တဲ့အပြင် မီးသတ်ဌာနကိုလည်း သီးသန့်ထားရှိထားပါတယ်” ဟု ၎င်းက ပြောသည်။
ဘုရင့်နောင်ပွဲရုံလမ်းရှိ နှစ်ခန်းတွဲပွဲရုံတစ်လုံး၏တန်ဖိုးသည် ကျပ်သိန်း ၇၀၀၀ မှ ၈၀၀၀ ကြားရှိနေခြင်း၊ ပြောင်းရွှေ့မှုပြုလုပ်ပါက နေရာသစ်၌ လုပ်ငန်းအထိုင်ကျရန် အချိန် ၅ နှစ်ခန့် ယူရမည်ဖြစ်ခြင်း၊ အလုပ်သမားများ သွားလာရေးခက်ခဲနိုင်ခြင်းတို့ကြောင့် ပွဲရုံပိုင်ရှင်များအနေဖြင့် ၀ါးတစ်ရာသို့ ပြောင်းရွှေ့ရန် စိုးရိမ်နေကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

Leave a Reply

Top