You are here
Home > Business News > တရုတ်မှ မြန်မာ့ဆန်ဝယ်ယူမှုနည်းနေ၍ ပြည်တွင်းဆန်ကြမ်းဈေး ကျဆင်း

တရုတ်မှ မြန်မာ့ဆန်ဝယ်ယူမှုနည်းနေ၍ ပြည်တွင်းဆန်ကြမ်းဈေး ကျဆင်း

တရုတ်ကုန်သည်များအနေဖြင့် မြန်မာ့ဆန်များကို ၀ယ်ယူမှုနည်းလာခြင်းကြောင့် ပြည်တွင်းဆန်ဈေးကွက်၌ ဆန်ကြမ်းဈေးနှုန်း ကျဆင်းလာသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
မိုးရာသီကာလ၌ ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်း မြင့်တက်လေ့ရှိသော်လည်း ယခုနှစ်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရမှ တရုတ်ကုန်သည်များအား ဖမ်းဆီနေသည် ဖြစ်၍ ၀ယ်ယူမှုနည်းပါးလာပြီး ဆန်ကြမ်းဈေးနှုန်းကျဆင်းနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “တရုတ်နိုင်ငံက ကုန်သည်တွေအ၀ယ်နည်းနေတော့ ပြည်တွင်းဆန်ကြမ်းဈေးနှုန်း က တစ်အိတ်ကို ၅၀၀ မှ ၁၀၀၀ ကြား ဈေးနှုန်း ကျဆင်းနေတယ်။ ဆန်ကြမ်းဈေးနှုန်းက ကျပ် ၂၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပေမယ့် အခုရက်ပိုင်းမှာ ၁၉၀၀၀ ကျော်ကို ပြန်လည် ကျဆင်း လာတယ်” ဟု ၎င်းက ပြောသည်။
တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးကို မြန်မာအစိုးရမှ တရားဝင်ခွင့်ပြုထားသော်လည်း တရုတ်အစိုးရမှ ခွင့်မပြုထားခြင်းကြောင့် တရုတ်ကုန်သည်များအနေဖြင့် မြန်မာ့ပို့ကုန်များကို မှောင်ခိုစနစ်ဖြင့်သာ တင်သွင်းနေရကြောင်း သတင်းများအရ သိရသည်။

Leave a Reply

Top