You are here
Home > Car News > ကားစလစ်ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာ

ကားစလစ်ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာ

ပြည်တွင်းကားဈေးကွက်၌ စလစ်ဈေးနှုန်းများသည် ယခင်က ကျပ်သိန်း ၁၀၀ ကျော် ရှိသော်လည်း ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့မှ စတင်၍ ကျပ် ၉၂ သိန်းကျော်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းလာကြောင်း ကားအရောင်းအ၀ယ် ပြုလုပ်သူများထံမှ သိရသည်။
ကားအရောင်းပြခန်းများတွင် အိမ်စီးစလစ်ဖြင့် ကားဝယ်ယူပါက ရန်ကုန်လိုင်စင်ရရှိမည် ဆိုသော သတ်မှတ်ချက်ကြောင့် ကားဈေးကွက်အတွင်း စလစ်ထုတ်ရောင်းသူ ပိုမိုများပြားလာ ကြောင်း၊ စလစ်ဈေးနှုန်းကျဆင်းနေသော်လည်း ကားဈေးနှုန်းအနည်းငယ်မြင့်တက်နေပြီး ရန်ကုန်ကားဈေးကွက်တွင် အရောင်းအ၀ယ်ပြုလုပ်သူ နည်းပါးနေကြောင်း၊ လက်ရှိကားဈေးကွက်တွင် နယ်ဝယ်လက်များကို အားကိုးနေရပြီး ကာလရှည်ပိတ်ထားသော ရန်ကုန်လိုင်စင်ဈေးကွက်မှာ ဈေးနှုန်းမြင့်မားနေဆဲဖြစ်ကြောင်း ကားအရောင်းအ၀ယ်ပြုလုပ်သူ တစ်ဦးက ပြောသည်။ “၉၅ မော်ဒယ်ဘတ်စ်ကားအဟောင်းတွေကို ဇွန်လ ၂၀ ရက်နောက်ဆုံးထားအပ်နှံရမယ်ဆိုတော့ ဈေးကွက်မှာ ဘတ်စ်ကားစလစ်ပေါ်ထွက်လာတယ်။ အရောင်းအ၀ယ်လည်း အများဆုံးဖြစ်နေတယ်။ အိမ်စီးကားစလစ်တစ်စောင်မှာ ယခင်က သိန်း ၁၀၀ ၀န်းကျင်ရှိနေပေမယ့်လက်ရှိမှာ ၉၂ သိန်းပဲ ရှိပါတော့တယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top