You are here
Home > Business News > မြန်မာကော်ဖီကို အမေရိကန်သို့ ဒုတိယအကြိမ် တင်ပို့မည်

မြန်မာကော်ဖီကို အမေရိကန်သို့ ဒုတိယအကြိမ် တင်ပို့မည်

မြန်မာအထူးတန်းဝင် အာရေးဘီးယား ကော်ဖီ ၃၆ တန်ကို အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ အခြေစိုက်သွင်းကုန် ကုမ္ပဏီတစ်ခုသို့ ပထမအကြိမ်တင်ပို့ခဲ့ပြီး ဒုတိယကြိမ်အဖြစ် ကော်ဖီ ၇၂ တန်ကို ထပ်မံတင်ပို့သွားမည်ဟု မြန်မာနိုင်ငံကော်ဖီသင်းဥက္ကဋ္ဌ ဦးရဲမြင်ကပြောသည်။
ဝါရှင်တန်အခြေစိုက် သွင်းကုမ္ပဏီတစ်ခုမှ မြန်မာ့ကော်ဖီများကို လာရောက်စစ်ဆေးဝယ်ယူခဲ့ခြင်းဖြစ်ကြေင်း အမေရိကန်ကော်ဖီသောက်သုံးသူများသည် မြန်မာ့ကော်ဖီကိုစိတ်ဝင်စားနေခြင်းကြောင့် အမေရိကန်ကော်ဖီကုမ္ပဏီများအနေဖြင့် ထပ်မံဝယ်ယူလာဖွယ်ရှိကြောင်း ၎င်းကပြောသည်။အမေရိကန်ကို ဒုတိယအကြိမ် ကော်ဖီ ၇၂ တန်တင်ပို့ဖို့ စာချုပ်ချုပ်ပြီးပါပြီ။ ကုမ္ပဏီအစုံ ၀ယ်ယူတာဖြစ်ပါတယ်။ အရင်နှစ်က ၀ယ်ယူတဲ့ကုမ္ပဏီလည်းပါပါတယ်။ သူတို့တွေကလာရောက်စစ်ဆေးပြီးတော့ ၀ယ်ယူတာဖြစ်ပါတယ် ဟု၎င်းကပြောသည်။

Leave a Reply

Top