You are here
Home > Car News > သယ်ယူပို့ဆောင်မူ ကုန်ကျစရိတ်နည်းရန် လုပ်ဆောင်နေဟု ရန်ကုန်ဝန်ကြီးချုပ်ပြော

သယ်ယူပို့ဆောင်မူ ကုန်ကျစရိတ်နည်းရန် လုပ်ဆောင်နေဟု ရန်ကုန်ဝန်ကြီးချုပ်ပြော

ရန်ကုန်းတိုင်းအတွင်းကုန်စီးဆင်းရာတွင် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်လျော့နည်းစေရန် လုပ်ဆောင်နေကြောင်း ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
အစိုးရသစ်တာဝန်ယူပြီးပြီးချိန်မှစ၍ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် လျော့ကျစေရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိသယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်သည် ကုန်စ္စည်းတန်ဖိုးစုစုပေါင်း၏ ၃၀ ရာခိုင်နှန်းခန့်ရှိနေကြောင်း ကုန်စီးဆင်းတွင် သယ်ယူပို့ဆောင်ရေးစရတ်များ လျောနည်းစေရန်အတွက် ရန်ကုန်တိုင်းအတွင်းရှိ တံတား ၉ စင်းဖြတ်သန်းခ ကောက်ခံနေမူကို ပြီးခဲ့သည့် ဧပြီလမှစတင်၍ ဖျက်သိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က မေလ ၂၀ ရက်နေ့တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ၌
ပြောကြားခဲ့သည်။ကုန်စည်စီးဆင်းမူအတွက် အရေးအကြီးဆုံးကသယ်ယူပို့ဆောင်ရေးစရိတ် သက်သာဖို့ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်က ကုန်တန်ဖိုးရဲ့ ၁၅ ရာခိုင်းနှန်းကျော်နေရင် နိုင်ငံစီးပွားရေး တိုးတက်မူအတွက် အဟန်အတားဖြစ်စေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာတော့ တံတား ၉ စင်းဖြတ်သန်းခကောက်ခံနေမူကို ဖျက်သိမ်းခဲ့ပြီးဖြစ်ပါတယ်။ နောက်ပြီးသယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အဓိကကျတဲ့စက်သုံးဆီဈေးနှန်း လျော့ကျရေးနဲ့ ပက်သက်ပြီး ဆောင်ရွက်သွားမှာပါ ဟု ရန်ကုန်တိုင်း ၀န်ကြီးချုပ်ကပြောသည်။

Leave a Reply

Top