You are here
Home > Real Estate News > Property Guru ၏ အာရှအိမ်ခြံမြေ ဆုပေးပွဲစာရင်းတါင် သီရိလင်္ကာအိမ်ခြံမြေ ဈေးကွက်ကို အသိအမှတ်ပြု ထည့်သွင်း

Property Guru ၏ အာရှအိမ်ခြံမြေ ဆုပေးပွဲစာရင်းတါင် သီရိလင်္ကာအိမ်ခြံမြေ ဈေးကွက်ကို အသိအမှတ်ပြု ထည့်သွင်း

ယခုနှစ်နောင်းပိုင်တွင် Property Guru မှ ကြီးမှူးကျင်းပမည့် အာရှအိမ်ခြံမြေ ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် သီရိလင်္ကာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်ကိုလည်း အသိအမှတ်ပြုထည့်သွင်းပြီး ဆုများရွေးချယ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ သီရိလင်္ကာအခြေစိုက် အွန်လိုင်းသတင်းဝက်ဘ်ဆိုက် Lanka Business Online ၏ဖော်ပြချက်အရ သီရိလင်္ကာ အိမ်ခြံမြေဈေးကွက်အနေဖြင့် အခြားအာရှဈေးကွက်များ ကဲ့သို့ Property Guru ၏ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ် ကြောင်း သိရသည်။
Property Guru မှ ကြီးမှူးကျင်းပသော ၁၂ ကြိမ်မြောက် အိမ်ခြံမြေ ထူးချွန်ဆုပေးပွဲကို ယခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သွားဖြစ်ကြောင်း သိရသည်။ ဆုပေးပွဲ၏ မန်းနေဂျင်း ဒါရိုက်တာနှင့် တည်ထောင်သူ Terry Black Burn က “ Property Guru နဲ့ လက်တွဲပြီး အာရှ အိမ်ခြံ မြေဆုပေးပွဲဟာ ရှည်လျားတဲ့ ခရီးကို လျှောက်လှမ်းနိုင်ခဲ့ပါပြီ။ အခုဆိုရင် အာရှဒေသ၀ိုက်မှာ ပွင့်လင်းမြင်သာမှုရှိရှိ၊ သမာသမတ်ကျကျ ဆုံးဖြတ်ပြီး အိမ်ခြံမြေ ထူးချွန်ဆုတွေ ပေးအပ်နေပါတယ်” ဟု ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ်အတွက် သီိလင်္ကာအိပ်ခြံမြေများကို အကဲဖြတ်မည့် ဒိုင်လူကြီးအဖွဲ့အား ပြည်တွင်း အိမ်ခြံမြေအကျိုးဆောင် Paramount Realty ၏စီအီးအို ဒေါက်တာ Nirmal De Silva က ဦးဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Top